.post a{font-weight:bold; text-decoration:none} .post a:hover{text-decoration:underline}

Wednesday, January 25, 2012

၉။ စားကျက်မြေအသုံးချပိုင်ခွင့်

ကျေးရွာအုပ်စု မြေယာကော်မတီသည် သက်ဆိုင်ရာမြို့နယ်မြေယာကော်မတီ၏အကူအညီရယူ၍ ခရိုင်အာဏာပိုင်ထံလျှောက်ထားရမည်။ ခရိုင်က လိုအပ်သလို စစ်ဆေးပြီး ဗဟိုမြေယာကော်မတီ၏ သဘောတူညီချက်အရ စားကျက်မြေအဖြစ်အသုံးပြုရန် ခွင့်ပြုမိန့်ပေးနိုင်သည်။ ကျေးရွာများတွင် အစဉ်အလာဖြင့် အစိုးရက ဥပဒေနှင့်အညီ တရားဝင်စားကျက်တိုင်များစိုက်ထားသော သီးသန့်မြေများ၊ သတ်မှတ်ပေးထားသော မြေများရှိသကဲ့သို့ပုဂ္ဂလိကစားကျက်များလည်းရှိပါသည်။

Thursday, January 19, 2012

MFI ကျောင်း၏ လုပ်ငန်းစဉ်အချို့ 

NEED ( MFI)သည်မတူကွဲပြားသောလူမျိုးစုများမှမြန်မာလူငယ်များအတွက်ရေရှည်တည်တံ့
MFI 2 ၌ စပါးရိတ်သိမ်းနေပုံ
သောစိုက်ပျိုးရေး၊သဘာဝ ပတ်ဝန်းကျင်အခွင့်အရေး၊
ရပ်ရွာဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှု စသည့်ဘာသာရပ်
တို့ကို သင်ကြားပို့ချပေးသောအတတ်ပညာ ဖွံ့ဖြိုးရေး သင်တန်းတစ်ခုဖြစ်ပါသည်။

အဓိကသင်ခန်းစာခေါင်းစဉ်နှင့် အရည်အသွေးများမှာ…
-သဘာဝနည်းဖြင့်စပါးနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း၊
  • -မြေဆီလွှာကြွယ်ဝစေရန်ထိန်းသိမ်းခြင်း၊
  • မျိုးစေ့များအားစနစ်တကျသိုလှောင်ထိန်းသိမ်းခြင်း၊

ကျွန်ုပ်တို့၏ရည်မှန်းချက်များ


  • အခြေခံလူတန်းစားအတွက်လုံလောက်သောစားနပ်ရိက္ခာရရှိမှု၊စိတ်ချလုံခြုံမှုရှိသောလူနေမှုဘဝများပိုင်ဆိုင်နိုင်ရန် ပြည်သူလူထုနှင့်ပူးပေါင်း၍မြန်မာနိုင်ငံ၌အစဉ်တိုးတက် သောဖွံ့ ဖြိုးလမ်းကြောင်းတစ်ခုဖော်ဆောင်ရန်။
  • မြန်မာနိုင်ငံနှင့်ထိုင်း- မြန်မာနယ်စပ်တလျှောက် ရိုးရာဗဟု သုတ၌အခြေခံသည့်ရေရှည်
  • တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးလုပ်ငန်းများကိုပူးပေါင်းတိုးမြှင့်လုပ်ဆောင်ခြင်းဖြင့်အစဉ်အလာစိုက်ပျိုးရေးလုပ်ငန်းအားသမားရိုးကျမဟုတ်သောနည်းပညာများပံ့ပိုးပေး၍

NEED- Burma အကြောင်း


၂၀၁၁ ကျောင်းသားများ MFI 2 တွင်
 လက်တွေ့ လုပ်နေစဉ်
ကျွန်ုပ်တို့၏မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့်စီးပွား
ရေးဖွံ့ဖြိုးတိုးတက်မှုကွန်ယက် (Network for Environ-
ment  and Economic Development - Burma
( NEED- Burma) သည် အကျိုးအမြတ်မယူသော ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပေသည်။
အဖွဲ့အား ၂၀၀၆ ခုနှစ် မေလ တွင်စတင်ဖွဲ့စည်းခဲ့ပြီး ပင်မရုံးချုပ်အား ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ ၌ ဖွင့်လှစ်ထားပါ
သည်။ ကျွန်ုပ် တို့အဖွဲ့အစည်းသည် လူမျိုး၊ ဘာသာခွဲ ခြားခြင်းမရှိသော၊ အားလုံးပူးပေါင်းပါဝင်နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။’’ ရေရှည် တည်တံ့ခိုင်မြဲသော  စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်း
ကျင်ဆိုင်ရာ အတွေးအခေါ်များတွင်အခြေခံသည့် ရိုးရာအစဉ်အလာ အရ လုပ်ဆောင်ချက်များ

Tuesday, January 17, 2012

၅။ လယ်ယာမြေနှင့်ပတ်သက်၍ အရေးကြီးသော ပြဌါန်းချက်များ


(က) လန ၃၉ - စားနပ်ရိက္ခာ ဖူလုံရေးကို ရှေ့ရှု၍ လယ်
ယာမြေများ အခြားမြေအသုံးချမှု(သို့) အလွယ်တကူ ပြောင်းလဲအသုံးပြုမှုကို ထိန်းချုပ်နိုင်ရန် လန ၃၉ ကို
၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ
တွင် ပြဌါန်းထားသည်။ တစ်နည်းအားဖြင့် လယ်ယာ
မြေကို အခြားမြေအသုံးချမှု၊ ဥပမာ အိမ်ဆောက်လုပ်ခြင်း၊
သစ်တော စိုက်ခင်း ပြုလုပ်ခြင်း၊ ငါးကန်တူးခြင်း အစရှိသည်ဖြင့် ပြောင်းလဲအသုံးချပါက လန

Sunday, January 15, 2012

(၂) မြေအသုံးချမှုပုံစံအရ သက်ဆိုင်ရာအစိုးရဌါနများ





မြေကိစ္စနှင့် ပတ်သက်လာပါက အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌါနအပြင် အောက်ပါဌါနဆိုင်ရာများနှင့်လည်း ဆက်စပ်ဆောင်ရွက်ဖို့လိုပါသည်။

မြေအသုံးချမှုပုံစံ            အစိုးရဌါန                            မှတ်ချက်

၁။ လယ်ယာမြေ        ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌါန၊        လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊

၎။ လယ်ယာမြေနှင့်ပတ်သက်၍ရပိုင်ခွင့်နှင့် တားမြစ်ချက်များ


(က) လယ်ယာမြေဆိုသည်မှာ
- လယ်ယာမြေစိုက်ပျိုးရေးအတွက် အသုံးပြုသည့် သို့တည်း
မဟုတ် လက်ရှိထားရှိသည့် မြေ၊ ယာမြေ၊ ကိုင်းမြေ၊ ကြက်ပေါင်း စေးစိုက်မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက် ပန်းမန် စိုက်ပျိုးသည့်မြေ၊ မြေနုကျွန်းပေါ်ဟု သော်လည်ကောင်း သတ်မှတ်သည့် မြေများပါဝင်သည်။

လယ်ယာမြေပေါ်တွင်တည်ရှိနေသည့် အဆောက်အအုံများပါ အကျုံးဝင်သည်။

၃။ စိုက်ပျိုးမြေတရားဝင်လုပ်ပိုင်ခွင့် ဦးပိုင်ရရန်လျှောက်ထားခြင်း


                                        
  မိမိ၏လယ်ယာ၊ ဥယျာဉ်ခြံမြေတို့ကို တရားဝင်လက်ဝယ်
ထားရှိခွင့်ကို အသိသက်သေပြသနိုင်ရန် ဦးပိုင်လျှောက်ထား ရန်လိုအပ်ပါသည်။ တရားဝင်ဦးပိုင်ရှိမှသာ မြေယာ လုပ်ပိုင်
ခွင့်ကို တရားဝင် ကာကွယ်နိုင်ခြင်း၊ အကြောင်း အမျိုး မျိုးကြောင့် နိုင်ငံတော်မှမြေပြန်လည်သိမ်းယူသောအခါ 
မိမိ၏ ရပိုင်ခွင့်များကို တင်ပြတောင်းဆိုနိုင်မည်ဖြစ်သည်၊၊ 
-      မြေလွတ် မြေရိုင်းများကို တောင်သူများအနေဖြင့် စိုက်ပျိုးမြေဖေါ်ထုတ်အသုံးပြုနိုင်ခွင့်နှင့် စိုက်ပျိုးမြေဦးပိုင် လျှောက်ထားနိုင်သည်။

Saturday, January 14, 2012

သဘာဝဟာ သဘာဝပါ

မကြာခင်မှာဘဲ ရေဘေးဒုက္ခသည် ဖြစ်ရမယ့်အထဲ ကျနော်တို့ မိသားစုလည်း ပါရပါတော့မယ်။ ဘန်ကောက်မြို့ကြီး ရေပတ် လည် ဝိုင်းနေပါပြီ။ ရေစိုရင် ပျက်စီးနိုင်မယ့် ပစ္စည်းတွေကို သူငယ်ချင်းနှစ်ယောက် အကူအညီနဲ့ မနေ့ကပဲ အပေါ်ထပ်ကို တင်ထားလိုက်တယ်။ ပေါ့ပေါ့ပါးပါး သုံးနေဆဲ ပစ္စည်းတွေကတော့ အိမ်ဝင်းထဲ ရေရောက်ခါနီးမှ အပေါ်ထပ်ကို ထပ်တင် တော့မယ်။ မွေးထားတဲ့

စစ်သူကြီးရယ် မြစ်တစ်စင်းရယ်

နိုင်ငံရေးဆိုတော့လည်း နိုင်ငံရေးကြပြန်ရော။ နိုင်ငံရေးဆိုတာကိုလည်း ကိုယ်ခုံမင်သလို အဓိပ္ပါယ် ဖွင့်ကြပြန်သေးတယ်။ တချို့ကတော့ လက်ရှိနိုင်ငံရေး လမ်းကြောင်းထဲ ကိုယ်မပါလိုက်ရမှာစိုးလို့ နာမည်မျိုးစုံနဲ့ ရေးကြချွတ်ကြ အင်တာဗျူးခံကြ၊ တချို့ကလည်း နာမည်ကြီးတဲ့ သူတွေကို တက်ပြီးဝေဖန်တာကမှ အရေးကြီးသလိုလည်း ဖြစ်နေကြ။ အင်းပေါ့လေ သူတို့ အတွက်တော့
အဲသလို ဝေဖန်စာတွေ ရေးနေရတာကိုက ဗိုလ်သင်တန်းတခု တက်နေရ သလိုမျိုး ဖြစ်ကောင်း

Activities of MFI school on October, 2011

မြန်မာ မလေးများ မြန်မာနဲ့ ညားကြပါစေ

About Me

My Photo
I am moon, I was born on 19, 8, 1981 in Arakan State, Burma.

About This Blog

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOPÈÈ