Thursday, January 19, 2012

MFI ကျောင်း၏ လုပ်ငန်းစဉ်အချို့ 

NEED ( MFI)သည်မတူကွဲပြားသောလူမျိုးစုများမှမြန်မာလူငယ်များအတွက်ရေရှည်တည်တံ့
MFI 2 ၌ စပါးရိတ်သိမ်းနေပုံ
သောစိုက်ပျိုးရေး၊သဘာဝ ပတ်ဝန်းကျင်အခွင့်အရေး၊
ရပ်ရွာဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှု စသည့်ဘာသာရပ်
တို့ကို သင်ကြားပို့ချပေးသောအတတ်ပညာ ဖွံ့ဖြိုးရေး သင်တန်းတစ်ခုဖြစ်ပါသည်။

အဓိကသင်ခန်းစာခေါင်းစဉ်နှင့် အရည်အသွေးများမှာ…
-သဘာဝနည်းဖြင့်စပါးနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း၊
  • -မြေဆီလွှာကြွယ်ဝစေရန်ထိန်းသိမ်းခြင်း၊
  • မျိုးစေ့များအားစနစ်တကျသိုလှောင်ထိန်းသိမ်းခြင်း၊
  • သားငါးတိရစ္ဆာန်များနှင့်ကောက်ပဲသီးနှံများအမှီသဟဲပြုစိုက်ပျိုးမွေးမြူ ခြင်း၊

  • ရွံ့စေးအုတ်ဖြင့်အဆောက်အအုံဆောက်လုပ်ခြင်း
  • သဘာဝမြေသြဇာပြုလုပ်ခြင်း
  • သဘာဝပိုးသတ်ဆေးများပြုလုပ်နည်း
  • ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပျိုးခင်းထူထောင်ခြင်း
  • ၀ါးခြင်းတောင်းများပြုလုပ်ခြင်း
  • ပြန်လည်ဖြည့်တင်းနိုင်သောစွမ်းအင် ( ဇီဝဓါတ်ငွေ့၊ နေစွမ်းအင်)
  • အင်္ဂလိပ်စာသင်တန်း
  • သုတေသန လုပ်ခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှု
  • ဦးဆောင်မှုအရည်အသွေးတိုးမြှင့်ရေး
  • ရပ်ရွာလူထုဖွံ့ဖြိုးရေး
  • ပတ်ဝန်းကျင်နှင့်သဘာဝအရင်းအမြစ်စီမံခန့်ခွဲရေး

                                                               
ရပ်ရွာအခြေခံ စွမ်းရည်မြှင့်တင်ရေး

အခြခံလူတန်းစားများ၏စိန်ခေါ်မှုတစ်ရပ်ဖြစ်သောစားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နိုင်ရန်ကျေးရွာအဆင့်အလုပ်ရုံဆွေးနွေး ပွဲများကို မြန်မာနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ်တလျောက်တွင်ဦး ဆောင်ပြုလုပ်လျက်ရှိသည်။ ရေရှည်တည်တံ့ခိုင်မြဲ
သောစိုက်ပျိုး ရေးအကြောင်း၊ဇီဝမျိုးကွဲများနှင့်သဘာဝပတ်ဝန်းကျုင်လျောနည့်း ကျဆင်းပျက်စီးလာနေမှုများကိုတားဆီးကာကွယ်ရေးနည်းလမ်း များ အကြောင်း တို့နှင့်
ပတ်သတ်၍ ဟောပြောဆွေးနွေးပွဲများကို လည်းပြူလုပ်လျက်ရှိသည်။

NEED-Burmaသည်ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်နှင့်မွန်ပြည် နယ်တို့ရှိMFI သဘာဝ စံပြစိုက်ခင်းသုံးခုကိုလည်းထောက်ပံ့ ပေးလျက်ရှိပါသည်။





ရပ်ရွာစည်းရုံးရေးနှင့်လှုံ့ဆော်မှု

NEEDနှင့်MFIကျောင်းသား/သူဟောင်းများသည် မြန်မာ ပြည်တွင်းနှင့်ထိုင်း..မြန်မာနယ်စပ်တလျှောက်ရှိဒေသခံလူထုများနှင့်ပူးပေါင်းလျက်သဘာပတ်ဝန်းကျင်နှင့်
စိုက်ပျိုးရေး ဆိုင်ရာလုပ်ဆောင်ချက်များကိုတိုးမြင့်လုပ်ဆောင်နိုင်ရန် စောင့်ကြည့်လေ့လာပြီးဆောင်ရွက်လျက်ရှိသည်။

NEEDသည်သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲစီမံခန့်ခွဲမှုကြောင့်တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည့်ရပ်ရွာများရှိလူများကိုသွားရောက်တွေ့
ဆုံပြီး၎င်းတို့၏အနာဂတ်ကို ကိုယ်တိုင်ကိုယ်ကျပုံဖော်နှိင်စေရန်နှင့်အဆုံးအဖြတ်ပြုလုပ် ခြင်းတွင်တက်တက်ကြကြွပါဝင်နိုင်စေရန်စည်းရုံးလှုံ့ဆော်

ခြင်းများပြုလုပ်ပေးလျက်ရှိပါသည်။

MFIမှကျောင်းသား/သူဟောင်းများသည်သူတို့၏ရပ်ရွာမှ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍၄င်းတို့သင်ကြားတတ်မြောက်ခဲ့သော၊တွေ့ကြုံခဲ့ရသောအသိပညာတို့ကိုမျှဝေကာပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိသောအသေးစားစိုက်ပျိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိ ပါသည်။

၎င်းစီမံကိန်းများတွင်-

-စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲများ

-သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာဟောပြောခြင်း

-မိရိုးဖလာ မျိုးစေ့များ စုဆောင်းထိန်းသိမ်းခြင်း

-အသေးစားခေတ်မှီလယ်ယာလုပ်ငန်းများ

-မွေးမြူရေးလုပ်ငန်းများ ပါဝင်ပါသည်။

         သုတေသနနှင့်စာပေထုတ်ဝေမှုများ

NEEDသည်MFIကျောင်းဟောင်းများနှင့်ပူးပေါင်း၍သဘာ ပတ်ဝန်းကျင်၊စိုက်ပျိုးရေးစားနပ်ရိက္ခာဖုံလုံမှုများနှင့်ပတ် သက်၍သုတေသနပြုလုပ်ထားသောအချက်အလက်များအပေါ်အခြေခံကာသုတေသနဂျာ
နယ်နှင့်လှုံ့ဆော်ရေးစာစောင်များထုတ်ဝေလျက်ရှိပါသည်။ ရယူလိုပါက အောက် ဖော်ပြပါ
ကျွန်ုပ်တို့၏ website မှကူးယူနိုင်ပါသည်။


No comments:

Post a Comment

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar