(က) လန ၃၉ - စားနပ်ရိက္ခာ ဖူလုံရေးကို ရှေ့ရှု၍ လယ်
ယာမြေများ အခြားမြေအသုံးချမှု(သို့) အလွယ်တကူ ပြောင်းလဲအသုံးပြုမှုကို ထိန်းချုပ်နိုင်ရန် လန ၃၉ ကို
၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ
တွင် ပြဌါန်းထားသည်။ တစ်နည်းအားဖြင့် လယ်ယာ
မြေကို အခြားမြေအသုံးချမှု၊ ဥပမာ အိမ်ဆောက်လုပ်ခြင်း၊
သစ်တော စိုက်ခင်း ပြုလုပ်ခြင်း၊ ငါးကန်တူးခြင်း အစရှိသည်ဖြင့် ပြောင်းလဲအသုံးချပါက လန
၃၉ လျှောက်ထားရန်လိုအပ်ပါသည်။ လက်ရှိအားဖြင့် လန ၃၉ကို ပြည်နယ် နှင့် တိုင်း မြေယာ
ကော်မတီ ဥက္ကဌမှ စီစစ်ခွင့်ပြု ချထားပေးပါသည်၊၊
(ခ) လန ၃၈ - အစိုးရသည် မည်သည့်လယ်ယာမြေကိုမဆို နိုင်ငံအတွက်သော်လည်းကောင်း၊ အများပြည်သူ အကျိုးစီးပွားအတွက်သော်လည်းကောင်း၊ စိုက်ပျိုးရေးစီမံကိန်းနယ်မြေသတ်မှတ်
၍ သင့်တော်သော သီးနှံများစိုက်ပျိုးရန်သတ်မှတ်နိုင်သည်။
(ဂ) လန ၃၈(က)- ရာသီသီးနှံစိုက်ပျိုးသောလယ်ယာမြေကို သက်ဆိုင်ရာအာဏာပိုင်၏ ခွင့်ပြုချက်မရဘဲနှစ်ရှည်သစ်သီး၊သစ်ပင်များပြောင်းလွှဲစိုက်ပျိုးခွင့်မရှိပါ။ပြောင်းလဲ စိုက်ပျိုး
ခွင့် လျှောက်ထားပြီးမှသာ ဆောင်ရွက်နိုင်ခွင့်ရှိသည်။
၆။ လယ်ယာမြေကို စီမံကိန်းဖြင့်အသုံးချခြင်း
- အစိုးရသည် မည်သည့်လယ်ယာမြေကိုမဆို နိုင်ငံအကျိုး သို့မဟုတ် အများပြည်သူ တောင်သူလယ်သမားများအတွက် သီးနှံအမျိုးအစားတစ်ခုခုကိုသော်လည်ကောင်း၊ သီိး
နှံအမျိုးအစား အလိုက် သင့်တော်သလိုသော်လည်းကေင်း စိုက်ပျိုးရန် သတ်မှတ်နိုင်သည်
အပြင် သတ်မှတ်ထားသော နည်းလမ်းအတိုင်း အသုံးချရန်သတ်မှတ်နိုင်သည်။
- စိက်ပျိုးရေးစီမံကိန်းဒေသတွင် စီမံကိန်းသတ်မှတ်ချက်အတိုင်း လယ်ယာထွက်ကုန်သီးနှံ
များကို တောင်သူလယ်သမားများက စီမံကိန်းအတိုင်း စိုက်ပျိုးလုပ်ကိုင်ကြစေရန် ညွန်ကြားဆောင်ရွက်ပိုင်ခွင့်ကို ပြည်နယ်၊တိုင်းဒေသကြီး မြေယာကော်မတီအား အပ်နှင်
ထားသည်။
- သက်ဆိုင်ရာ တိုင်းစိုက်ပျိုးရေးမန်နေဂျာနှင့် ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာန တိုင်းတာ
ဝန်ခံက သတ်မှတ်ညွန်ကြားပေးစေလိုသည့် သီးနှံအမျိုးအမည်နှင့် ဧရိယာကိုကျေးရွာအ
လိုက် တောင်သူ လယ်သမားတစ်ဦးချင်းအလိုက် စာရင်းပြုစုပြီး ပြည်နယ်၊တိုင်းမြေယာ
ကော်မတီသို့တင်ပြရသည်။
- ပြည်နယ်၊တိုင်းမြေယာကော်မတီမှ ၄င်းစာရင်းကို သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာအုပ်စု
သို့ပေးပို့ပြီး ၄င်းကော်မတီက သက်ဆိုင်ရာတောင်သူတစ်ဦးချင်းစီအလိုက် စာနှင့်ညွန်
ကြားရသည်။
- မှန်မှန်ကန်ကန် ဆောင်ရွက်စေရန်အတွက် မြို့နယ်၊ ကျေးရွာအုပ်စု မြေယာကော်မတီကို
ပြည်နယ်၊ တိုင်းမြေယာကော်မတီမှကြီးကြပ်ရသည်။
- စီမံကိန်းဝင် သိးနှံစိုက်ပျိုးရန် ညွန်ကြားထားပါလျက် ခိုင်လုံသည့်အကြောင်းမရှိဘဲ လိုက်နာ
ဆောင်ရွက်ရန် ပျက်ကွက်ပါက ပျက်ကွက်သူ၏ လုပ်ပိုင်ခွင့်လယ်ယာမြေကို စည်းကမ်းပျက်
သတ်မှတ်ပြီး အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်နိုင်သူကို မြေယာလုပ်ပိုင်ခွင့်ချမှတ်ပေးနိုင်သည်။
၇။ မြေနုကျွန်းပေါ်မြေ
ခိုင်မြဲမှုမရှိသောမြေဖြစ်သည်။ ရေကြောင်းနှစ်စဉ်ပြောင်းလဲမှုအနေအထားနှင့် မြေသား
ပြောင်း သည့် မြေကိုဆိုလိုသည်။
နှစ်စဉ်ရေမြုပ်သော်လည်း ၊ ရေကျသောအခါ ရေမမြုပ်မှီအနေအထား အတိုင်းပြန်ပေါ်သော
ခိုင်မြဲသော မြေရင့်များမပါဝင်ပါ။
မြေနုကျွန်းပေါ်များသီးစားချထားခြင်း
(က) အစိုးရကိုယ်စား ဗဟိုမြေယာကော်မတီနှင့် ၄င်းကတာဝန်ပေးထားသော လက်အောက်ခံ မြေယာကော်မတီများက လုပ်ပိုင်ခွင့်ချထားပေးပါသည်။
(ခ) မြေနုကျွန်းပေါ်သည့် နေရာနှင့် ကပ်လျှက်ရှိသော ကျေးရွာကို လုပ်ပိုင်ခွင့်ချထားရသည်။ ယခင်နှစ်များက လုပ်ကိုင်ခဲ့ရသည်ဟူသော အချက်ကို မူတည်၍ မသတ်မှတ်ပါ။
(ဂ) ကပ်လျှက်ရှိသောကျေးရွာကို လုပ်ခွင့်ခွဲဝေချထားမှုပိုနေလျှင်ထပ်မံနယ်ချဲ့ ၍အခြားအနီးကပ်ဆုံးကျေးရွာကိုထည့်သွင်းသတ်မှတ်သည်။
(ဃ) မြေယာလက်မဲ့ တောင်သူလယ်သမားများ ၊ သူရင်းစားများနှင့်လယ်ယာကူလီများကိုရွေးချယ်သတ်မှတ်သည်။ ချမ်းသာသောသူများမပါ
ဝင်စေရပါ။
(င) သာမန်တောင်သူလယ်သမား အကျိုးဖြစ်ထွန်းသလောက် ပမာဏ မျှသာ အကျိုးဖြစ်
ထွန်းအောင် ခွဲဝေချထားပေးရပါသည်။
၈။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း၊ လယ် ရိုင်း လယ်ယာလုပ်ပိုင်ခွင့် အသုံးပြုခွင့် လျှောက်ထားရယူခြင်း
လျှောက်ထားနိုင်သူ လုပ်ငန်း ခွင့်ပြုဧက ခွင့်ပြုကာလ မြေခွန်၊ အမြတ်ခွန်
ကင်းလွတ်ခွင့်ကာလ
၁။ နိုင်ငံပိုင်စီးပွား နှစ်ရှည်သီးနှံ ၅၀၀- ၅၀၀၀ ၃၀ နှစ် ပထမ ( ၈) နှစ်
ရေးအဖွဲ့အစည်းများ
၂၊၊ သမ၀ါယမ ဥယျာဉ်ခြံ ၃၀၀၀ ဧက ၃၀ နှစ် ပထမ (၆) နှစ်
အသင်းများ သီးနှံ
၃။ ဖက်စပ်လုပ် ရာသီသီးနှံ ၁၀၀၀ ဧက ၃၀ နှစ် ပထမ (၃) နှစ်
ငန်းများ
၎။ အဖွဲ့အစည်း ငါးမွေးမြူရေး ၂၀၀၀ ဧက ၃၀ နှစ် ပထမ (၃) နှစ်
များ
၅၊၊ ပုဂ္ဂလိကများ ကျွဲ၊ နွား၊ မြင်း ၅၀၀၀ ဧက ၃၀ နှစ် ပထမ ( ၈) နှစ်
၆။ နိုင်ငံခြားသား သိုး၊ ဆိတ် ၁၀၀၀ ဧက ၃၀ နှစ် ပထမ (၃) နှစ်
(သို့) နိုင်ငံခြားသား ကြက်၊ ၀က်၊ ၅၀၀၀ ဧက ၃၀ နှစ် ပထမ (၂) နှစ်
များပါဝင်သော ဘဲ
အဖွဲ့အစည်း
စည်းကမ်းချက်များ အဖွဲ့အစည်း တာဝန်
၁။ သတ်မှတ်လုပ်ငန်းများမှ ၁။ မြေလွတ်၊ မြေလပ်နှင့် - လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးခြင်း
အပ တခြားလုပ်ငန်းများအ မြေရိုင်း စီမံခန့်ခွဲရေး ဗဟို -လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်
တွက်အသုံးမပြုရ အဖွဲ့ ပြန်လည်ရုပ်သိမ်းခြင်း
၂။ သတ်မှတ်ချိန်အတွင်း ၂။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ၁။ နှစ်ရှည်သီးနှံပင် ပထမ အကြိမ်
ပြီးစီးအောင်လုပ်ကိုင်အသုံး ကော်မရှင် ဧက ၅၀၀၀ စိုက်ပျိုးလုပ်ကိုင်ပြီး
ပြုရမည်။ နောက်ထပ်တစ်ကြိမ်လျှင် ဧက ၅၀၀၀
စီ စိုက်ပျိုးလုပ်ကိုင်ခွင့် လျှောက်ထားရာ၌
ခွင့်ပြုချက်ထုတ်ပေးခြင်း
၃။ ပေါင်နှံခြင်း၊ ရောင်းချခြင်း၊
လွှဲပြောင်းခြင်း၊ ခွဲစိတ်ခြင်း ၂၊၊ နိုင်ငံခြားသား(သို့) နိုင်ငံခြားသားများပါဝင်
မပြုရ သော အဖွဲ့အစည်းက စိုက်ပျိုးလုပ်ကိုင်
ခွင့်ပြုရန် လျှောက်ထားရာ၌ ခွင့်ပြုချက်
ထုတ်ပေးခြင်း
၎၊၊စည်းကြပ်ခွံပေး ၃။ ကြေးကိုင်နှင့် မြေ ၁၊၊ လျှောက်ထားချကအပေါ် ကန့်ကွက်
ဆောင်ရမည် စာရင်း ဦးစီးဌါန လိုသူရှိပါက ရက်ပေါင်း ၃၀ အတွင်း
ကန့်ကွက်နိုင်ကြောင်းကြေငြာခြင်း
၅၊၊ မြေ ပေါ်မြေအောက်
သယံဇါတ ထုတ်ယူ ၂။ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း (သို့)
ခြင်းမပြုရ စစ်ဆေးခြင်း
၆။ နိုင်ငံတော်အစိုးရမှ အလိုရှိ
သည့်အခါ ပြန်လည်အပ်နှံရမည် ၃၊၊ မြေကို လုပ်ကိုင်အသုံးပြုနိုင်သည့်
အရည်အချင်းနှင့် အင်အားရှိ မရှိ
၇၊၊ သတ်မှတ်ချက်အတိုင်း စစ်ဆေးခြင်း
ဆောင်ရွက်မှုမရှိပါက
အာမခံကြေးကို နိုင်ငံ ၄၊၊ လျှောက်ထားမြေနှင့်ဆောင်ရွက်မည့်
တော် ဘဏ္ဍာအဖြစ် လုပ်ငန်း ဆီလျော်မှုရှိ၊ မရှိ
သိမ်းယူမည် ၅၊၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု
ရှိ၊ မရှိ
၆၊၊ မှန်ကန်ကြောင်းသက်သေခံလက်မှတ်
ရေးထိုးသည့်မြေပုံ ၂ ပုံထားခြင်း
၇၊၊ လျှောက်လွှာများအပေါ် သဘောထား
မှတ်ချက်ပြုခြင်း
၎၊၊ လုပ်ငန်းနှင့် သက်ဆိုင် ၁၊၊ လုပ်ငန်းတိုးတက်မှုအခြေအနေအား
ရာအစိုးရဌါနများ ဗဟိုအဖွဲ့သို့ (၃) လတစ်ကြိမ်တင်ပြုခြင်း
၂၊၊ သတ်မှတ်ထားသည့် စည်းကမ်းချက်များ
လိုက်နာခြင်း ရှိ၊ မရှိ ကြီးကြပ် စစ်ဆေးခြင်း
၃။ စည်းကမ်းဖေါက်ဖျက်ကျူးလွန်ကြောင်း
တွေ့ရှိပါက လိုအပ်သလို အရေးယူနိုင်ရန်
ဗဟိုအဖွဲ့သို့ တင်ပြခြင်း၊၊
ပြုစုရေးသားသူ-
ဦးဝင်းမျိုးသူ
ဦးညာဏ်မြင့်မောင်
ဦးနိုင်လင်း ( သရုပ်ဖေါ်)
No comments:
Post a Comment