Thursday, January 19, 2012

NEED- Burma အကြောင်း


၂၀၁၁ ကျောင်းသားများ MFI 2 တွင်
 လက်တွေ့ လုပ်နေစဉ်
ကျွန်ုပ်တို့၏မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့်စီးပွား
ရေးဖွံ့ဖြိုးတိုးတက်မှုကွန်ယက် (Network for Environ-
ment  and Economic Development - Burma
( NEED- Burma) သည် အကျိုးအမြတ်မယူသော ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပေသည်။
အဖွဲ့အား ၂၀၀၆ ခုနှစ် မေလ တွင်စတင်ဖွဲ့စည်းခဲ့ပြီး ပင်မရုံးချုပ်အား ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ ၌ ဖွင့်လှစ်ထားပါ
သည်။ ကျွန်ုပ် တို့အဖွဲ့အစည်းသည် လူမျိုး၊ ဘာသာခွဲ ခြားခြင်းမရှိသော၊ အားလုံးပူးပေါင်းပါဝင်နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။’’ ရေရှည် တည်တံ့ခိုင်မြဲသော  စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်း
ကျင်ဆိုင်ရာ အတွေးအခေါ်များတွင်အခြေခံသည့် ရိုးရာအစဉ်အလာ အရ လုပ်ဆောင်ချက်များ
 နှင့်ဘက်စုံဖွံ့ဖြိုး တိုးတက်သောနည်းဗျူဟာဖြင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအား ပိုမိုအား ကောင်းလာစေရန်အတွက် စွမ်းရည်မြှင့်တင်ပေးရန်’’ ဟူသော ဆောင်ပုဒ် အားလက်ကိုင်
ထားလျက် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု၊ ရေရှည်တည်တံ့ခိုင်မြဲ
သော စိုက်ပျိုးရေး နှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု များကို အလေးထားတိုးမြှင့်လုပ်ဆောင်
ခြင်းဖြင့် ကျွန်ုပ်တို့ ၏ ရည်မှန်းချက်ပန်းတိုင်အား အကောင်အထည်ဖေါ်ဆောင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိပေသည်။ စီးပွားရေး၊ ဖွံ့ ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့
သော စိုက်ပျိုးရေး များကိုတိုးမြင့်လုပ်ဆောင်ရာ၌ အကူအညီများပေးနိုင်စေရန်အလို့ငှါ
နည်းပညာဗဟုသုတ များကို ဆည်းပူးလေ့လာ ခြင်း၊ အခြေခံလူတန်းစားများ ပူးပေါင်း
ပါဝင်လာစေရန် ကြိုးစားလုပ်ဆောင်လျက် မြန်မာနိုင်ငံအရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် ခိုင်မာသောအဖွဲ့ငယ်များကို ဖွဲ့စည်းကာ ဖွံ့ ဖြိုးရေးလုပ်ငန်း
များ အား ဆောင်ရွက်နေပြီဖြစ်ပါသည်။

NEED-Burma အနေဖြင့် Modern Farm Initiative School (MFI) ကို ဖွင့်လှစ်၍
တစ်နှစ်လျင် သင်တန်းသား ၂၀ ဦး အား ၆ လသင်တန်းအဖြစ် သင်ကြားပို့ချပေးလျက်
ရှိပါ သည်။ 2012 မှစ၍၆လ သင်တန်းမှ ၁၀ လ သို့ သင်တန်းကာလကို တိုးမြှင့်ပေးထား
ပါသည်။ သင်တန်း၌ ရေရှည်တည်တံ့ ခိုင်မြဲသောစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်း ကျင် ထိန်း
သိမ်းရေး၊ ရပ်ရွာလူမှုဖွံ့ဖြိုးရေး၊ English ဘာသာ၊ Computer သင်တန်း စသည့်ဘာသာရပ်
များကို စာတွေ့ လက်တွေ့ ဖြင့်လေ့ကျင့်သင်ကြားပေးပါသည်။



No comments:

Post a Comment

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar