Saturday, September 3, 2011

ကျေးလက် ကြက်မွေးမြူထိန်းသိမ်းနည်း

ကြက်တွေကို ဘယ်လိုထိန်းသိမ်းမလဲ?
    ၁။ ကြက်အိမ်
      ကြက်တွေကို ကြမ်းတမ်းသော ရာသီဥတု။ သူခိုးနှင့် အန်တရာယ်ပြုသူများမှကာကွယ်ရန် ခိုင်ခန့်သော ကြက်အိမ် 
လိုအပ်ပြီး ညအချိန်သော့ ခတ်ထားရမည်၊၊  ကြက်အိမ်ဆောက်ခြင်းမှာ ကြက် များအား 
ဖမ်းနိုင်၊ စစ်ဆေးနိုင်ရန်ဖြစ်သည်၊၊ ဆိုလိုသည်မှာမည်မျှ 
နေမကောင်းဖြစ်သလဲ၊ ပြုစုရန်လိုသလဲ ဆိုသည်ကို 
သိရှိရန်  ဖြစ်ပါသည်၊၊ ထို့အပြင်ကြက်ဥများအားတစ်နေရာ 

တည်းတွင်ဥစေခြင်းဖြင့်လွယ်ကူစွာ သိမ်းဆဲနိုင်ပါသည်၊၊
 
     ။ကြက်အိမ်ဆောက်မည့်နေရာအား သေချာစွာအစီအစဉ်လုပ်ပါ။ သင်သည်လုံခြုံခြောက်သွေ့ပြီး အရိပ်ရ
အမိုးလုံရန်နှင့် မိုးရာသီတွင် ကြမ်းခင်းအားခြောက်သွေ့စွာ ထားနိုင်ရန် ညီညာသည့်ကြမ်းခင်း လိုအပ် ပါသည်။ သို့မဟုတ် ကြမ်းခင်းမြေအား ဦးစွာမြှင့်ရန်လိုအပ်ပါသည်။
၃။သင်သည် ကြက်အိမ်အား ဒေသထွက်ကုန်များဖြစ်သည့် သစ်တိုင်၊၀ါးနှင့် ဓနိ၊သက်ကယ် ၊မြက်များ အ သုံးပြုဆောက်လုပ်ခြင်းဖြင့် ဈေးချိုစွာပြုလုပ်နိုင်ပါသည်။ပတ်ဝန်းကျင်ကိုကြည့်ပြီး မည့်သည့်အရာသည်လွယ် ကူစွာရနိုင်သည်ကို ကြည့်ရပါမည်။ ပြီးမှသင့်အိမ်အနီးတွင် ကြက်အိမ်ဆောက်ရန်ဖြစ်ပါသည်။ပထမ ခြံနှင့်မြက် များအားကြက်အိမ်ဘေးမှ ၃ မီတာထိ ရှင်းလင်းရပါမည်။ မြေ၊ကြွက်တို့နှင့် အဝေးတွင် ကြက်အုပ်ရှိကြက်
များအားထားနိုင်ရန်ဖြစ်ပါသည်။ အချိုကြက်အိမ်များကို သစ်တိုင်များဖြင့် မြေပြင် မှကောင်းစွာမြင့် သည့်နေရာ တွင်အန်တရာယ်ပြုသူများဖြစ်သည့် ခွေး၊ ကြွက်၊ မြွေ၊ ကျီးကန်း၊ လူတို့၏အန်တရာယ်မှ ကာကွယ်နိုင်ရန် ဆောက်လုပ်ကြပါသည်။
၎။ ကြက်အိမ်အရွယ်သည် သင့်တွင်ကြက်ကောင်ရေမည်မျှရှိသည်အပေါ် မူတည်ပါလိမ့်မည်။ ကြက်ကြီး ၁၀-၁၅ ကောင်အတွက် ကြက်အိမ်သည် ၂ မီတာ၊ လန်ဘား ၂ မီတာကျယ်ပြ်ီး ၂ မီတာရှည်သင့် ပါသည်။  ကြက်အိမ်ကြီးနေခြင်းက ငယ်သွားခြင်းထက်ပိုကောင်းပါသည်။
၅။ ကြက်အိမ်တွင် လုံခြုံသည့်တံခါးရှိပြီး အလင်းရောင်နှင့်လေလည်ပတ်မှု ကောင်းမွန်နေသင့်ပါသည်။ ၎င်းသည် ကြက်များအား ခြောက်သွေ့ပြီး လေစိမ်းတိုက်မှုမှ ကာကွယ်ပေးထား သင့်ပါ သည်။   ကြက်အိမ် တွင် ကြက်အိပ်တန်းများလည်းရှိသင့်ပါသည်။ ကြမ်းပြင်အထက်အိပ်တန်းတွင် ကြက်မများအိပ်တန်းတက်ခြင်း
ကို ပိုမိုနှစ်သက်ပါသည်။ ကြက်ချေးများအားကောက်ယူနိုင်ရန်လည်း ဖြစ်ပါသည်။
၆။ ကြက်အိမ်ထဲတွင် အစာခွက်နှင့်ရေခွက်ကို ထားပေးပါ။၎င်းကို သင်သည် ၀ါးလုံး၊ ဗူး၊ ခွက်ဟောင်းများ၊
မြေခွက်များအားအပေါ်လှန်ထားပေးခြင်းဖြင့်ထည့်ရန်ခွက်များအား ဈေးနှုန်ူးချိုသာစွာ ပြုလုပ်နိုင်ပါသည်။
ရေခွက်ပတ်လည်တွင် မြေခင်းအား ရေစိုနိုင်စေသဖြင့် ကြက်အိမ်ထဲ၌ အခြားနေရာများသို့မကြာ ခဏ ပြောင်းရွေ့ပေးခြင်းသည် စိတ်ကူးကောင်းပါသည်။
ရ။ ကြက်များဥရန် ဥကျင်းသေတ်တာများ လိုအပ်ပါသည်။ ကြက်မ ၁၀-၁၅ ကောင်အတွက် ဥကျင်း ၃ ခုလိုပါသည်။ ဥကျင်းအား ကြက်အိမ်၏ တိတ်ဆိတ်အမှောင်ကျသော နေရာတွင် ဒူးဆစ်လောက် အမြင့်၌ ပြုလုပ်ပေးပါ။ ၀ါးခြမ်းတောင်းကြီးများ၊ သစ်သားသေတ်တာများ၊ အနားဖြတ် ထားသော သေတ်တာများကို သုံးနိုင်ပါသည်။ ဥကျင်းကို ဖွဲ၊ မြက် သို့မဟုတ် ကောက်ရိုးများဖြည့်ကာ သန့်ပြန်စွာထားရမည်။ တစ်နေ့ဥသည့် ဥများကို တစ်နေ့သိမ်းဆည်းနိုင်ပါသည်။၎င်းတို့မှ ဥအချိုအား ၀ပ်ကြက်မကို သုံး၍မျိုးဖောက်ရန် လိုပါသည်။
၈။ ကြက်အိမ်အတွင်း ညစ်ပတ်သောကြမ်းခင်းအား မကြာခဏလှဲကျင်းပေးခြင်းဖြင့် သန့်ရှင်းအောင်ထားပေးပါ။ ကြမ်းခင်းတွင် ဖွဲခွံ၊ လွှစာမှုန့်၊ ခုတ်ဖြတ်ထားသောမြက်ပြတ်များအား လွယ်ကူစွာရနိုင်ပါက ခင်းပေးပါ။တစ်လလျှင်တစ်ကြိမ်ခန့် ကြက်ချေးနှင့် ကြမ်းခင်းသုံး လွှစာမှုန့်အား ဖယ်ရှားပေးပါ။၎င်းတို့အား မြေဆွေးဖြစ်အောင်ထားပါ။ ထို့နောက် သင့်ဟင်းသီးဟင်းရွက်စိုက်ခင်းတွင် ထည့်ပေးပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်၏ဟင်းသီးဟင်းရွက်စိုက်ခင်းအား ပိုမိုကောင်းမွန်စေရန် ကူညီပါလိမ့်မည်။

No comments:

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar