Wednesday, January 25, 2012

၉။ စားကျက်မြေအသုံးချပိုင်ခွင့်

ကျေးရွာအုပ်စု မြေယာကော်မတီသည် သက်ဆိုင်ရာမြို့နယ်မြေယာကော်မတီ၏အကူအညီရယူ၍ ခရိုင်အာဏာပိုင်ထံလျှောက်ထားရမည်။ ခရိုင်က လိုအပ်သလို စစ်ဆေးပြီး ဗဟိုမြေယာကော်မတီ၏ သဘောတူညီချက်အရ စားကျက်မြေအဖြစ်အသုံးပြုရန် ခွင့်ပြုမိန့်ပေးနိုင်သည်။ ကျေးရွာများတွင် အစဉ်အလာဖြင့် အစိုးရက ဥပဒေနှင့်အညီ တရားဝင်စားကျက်တိုင်များစိုက်ထားသော သီးသန့်မြေများ၊ သတ်မှတ်ပေးထားသော မြေများရှိသကဲ့သို့ပုဂ္ဂလိကစားကျက်များလည်းရှိပါသည်။

ရပိုင်ခွင့်                                  တာဝန်ဝတ္တရား                             တားမြစ်ချက်
၁၊၊ ကျွဲ၊ နွား စသည့်တိရစ္ဆာန်      ၁။ သတ်မှတ်ထားသော         ၁။ စားကျက်မြေအဖြစ်မှအပ
    များ တရားဝင် လွှတ်               စည်းကမ်းများအတိုင်း           အခြားနည်းဖြင့် အသုံးချ
    ကျောင်းနိုင်ခွင့်                      စားကျတ်လွှတ်ကျောင်းရန်    ခြင်း( ဥပမာ- ကျောက်ထုတ်ခြင်း)

                                       ၂။ စားကျက်မြေဖွံဖြိုးတိုးတက်      ၂။ မြက်ရိတ်ခြင်း၊ သစ်ပင်ခုတ်၊
                                          ရေးအတွက်ပူးပေါင်း                  ထင်းခွေခြင်း
                                         ပါဝင်ဆောင်ရွက်ရန်               ၃၊၊ အခြားတစ်နည်းနည်းဖြင့်
                                                                                     ကျူးလွန်ခြင်း





၁၀၊၊ သစ်တောနယ်မြေ

သစ်တောဦးစီးဌါနမှ ဥပဒေအရ ဖွဲ့ စည်းထားသည့် သားငှက်ထိန်းသိမ်းရေးဘဲမဲ့တော၊ အမျိုးသား
ဥယာဉ်၊ ကြိုးဝိုင်းတောနှင့် သတ်မှတ်ကြေငြာထားသည့် ကြိုးပြင်ကာကွယ်တောများ ပါဝင်သည့်
နယ်မြေကို သစ်တော နယ်မြေဟုဆိုလိုပါသည်။


ရပိုင်ခွင့်

- သဘာဝ ၀န်းကျင်အား ထိခိုက် ပျက်စီးစေခြင်း မရှိလျှင် သစ်တောရေးရာ ၀န်ကြီးဌါန၏ ခွင့်ပြု
ချက်ဖြင့် ဖွံ့ဖြိုးမှု လုပ်ငန်း သို့မဟုတ် စီးပွားရေး စီမံကိန်း လုပ်ငန်း တစ်ရပ်ရပ် လုပ်ကိုင် ဆောင်
ရွက်ခြင်း။

- သဘာဝ ၀န်းကျင်အားထိခိုက် ပျက်စီးစေခြင်းမရှိလျှင် ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် လုပ်ပိုင်
ခွင့် လွှဲအပ် ထားသည့် သစ်တော အရာရှိ၏ ခွင့်ပြုချက်ဖြင့် ပညာရေး သို့မဟုတ် သုတေသန လုပ်ငန်းဆောင်ရွက်ခြင်း၊ သင်တန်းဖွင့်ခြင်း၊ လေ့လာရေးစခန်းချခြင်း။

- ပြည်နယ် တိုင်း သို့မဟုတ် ခရိုင်သစ်တော အရာရှိ၏ခွင့်ပြုမိန့်ဖြင့်

၁။ မိမိသုံး၊ လယ်ယာလုပ်ငန်းသုံး သို့မဟုတ် ငါးဖမ်းလုပ်ငန်းသုံးအတွက် သတ်မှတ် အရေအ
တွက် ထက် မကျော်လွန်ဘဲ ထုတ်ယူခွင့်၊၊

၂။ စီးပွားဖြစ် အသေးစားသစ်တောထွက် ပစ္စည်း ထုတ်ယူခွင့်။

၃။ စီးပွားဖြစ် မဟုတ်သည့် သုတေသန နှင့် ပညာပေးလုပ်ငန်း၊ ပြည့်သူ့အကျိုးပေး သို့မဟုတ်
 ဘာသာရေး

လုပ်ငန်းများတွင် သုံးစွဲရန် သစ်တောထွက်ပစ္စည်း ထုတ်ယူခြင်း။

၎။ သစ်တောနယ်မြေအတွင်းမှ လယ်မြေများသို့ ရေပေးသွင်းရန် ရေမြောင်း ဖေါက်လုပ်ခွင့်။

၅။ ဒေသခံအစု အဖွဲ့ပိုင် သစ်တော လျှောက်ထားပိုင်ခွင့်





တာဝန်/ ၀တ္တရား

- သတ်မှတ်ခွင့်ပြုထားသာကိစ္စများကို သာဆောင်ရွက်ရန်။

- သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးမှု မရှိစေရေး အလေးဂရုပြုရန်။

- မီးသုံးစွဲသူသည် သစ်တောအရာရှိက သတ်မှတ်ထားသည့်နည်းလမ်း စည်းကမ်းများကို
လိုက်နာရမည်။

- မည်သူမဆို လောင်စာပစ္စည်းကို သစ်တော နယ်မြေနှင့် ယင်းနယ်မြေအဖြစ် သတ်မှတ် ကြေငြာထားသည့် နယ်မြေမှ ကိုက် ( ၁၀၀) အကွာတွင် စုပုံ ပြီးမှသာ မီးရှုရမည်။ မီးပြန့်
ပွားမှု မရှိစေရန်ကြိုတင်ကာကွယ် တားဆီးပြီး ဖြစ်ရမည်။





တားမြစ်ချက်

၁။ ကျူးကျော် ၀င်ရောက်နေထိုင်ခြင်း

၂။ အိမ်မွေး တိရစ္ဆာန်များစားကျက်ချခြင်း သို့မဟုတ် ကျူးကျော် ၀င်ရောက်စေခြင်း။

၃။ ခွင့် ပြုမိန့် မရှိဘဲ မြေခုတ်ထွင် ရှင်းလင်းခြင်း၊ တူးဆွခြင်း သို့မဟုတ် မူလ အနေအထားကို ယိုယွင်းစေခြင်း။

၎။ ရေစီး၊ ရေလာ ပျက်စီးစေခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်း ၊ ဓါတုဗေဒပစ္စည်း သို့မဟုတ်
ပေါက်ကွဲစေသော အရာများ အသုံးပြုခြင်း။

၅။ တိရစ္ဆာန်များအားဖမ်းဆီးခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် ငါးဖမ်းခြင်း။

၆။ သစ်တောများ မီးကူးစပ် ပြန့်ပွားစေနိုင်သော မီးမွှေးခြင်း၊ မီးဖို ခြင်း၊ မီးသယ်ယူခြင်း၊ သို့မ
ဟုတ်  မီးကြွင်း ၊  မီးကျန် ထားရှိခြင်း။

၇။ မည်သည့် သစ်ပင်ကိုမဆို ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ သင်းသတ်ခြင်း၊ ထစ်မှတ်ခြင်း၊
ချိုးဖြတ်ခြင်း၊ ဖေါက်ထွင်းခြင်း သို့မဟုတ် အခြားနည်းဖြင့် ပျက်စီးစေခြင်း

















၁၁။ ကြိုး ပြင်အပတော

သစ်တောဦးစီး ဋ္ဌာနမှ စီမံအုပ်ချုပ်သည့်ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောတွင်မပါဝင်သော သစ်တောသစ်ပင်များ ပေါက်ရောက်နေသည့် နယ်မြေဖြစ်ပါသည်။ အစိုးရစီမံခန့် ခွဲပိုင်ခွင့် ရှိသောမြေအမျိုးအစားဖြစ်ပါသည်။ လိုအပ်ချက်အရသစ်တောနယ်မြေ(သို့ ) စိုက်ပျိုးမြေ၊စား
ကျက်မြေ၊ငါးမွေးမြူရေးအစရှိသဖြင့် အခြားမြေအသုံးချမှုသို့ ပြောင်းလဲနိုင်သည်။



ရပိုင်ခွင့်

တားမြစ်သစ်ပင်စာရင်းတွင် မပါဝင်သည့်သစ်ပင်နှင့်သစ်များကိုသစ်တောဋ္ဌာန၏ခွင့်ပြုချက်
မလိုဘဲ

၁။သုတေသနနှင့်ပညာရေးလုပ်ငန်းအတွက်သုံးစွဲနိုင်ခြင်း

၂။ပြည်သူ့ အကျိုးပြု(သို့ )ဘာသာရေးလုပ်ငန်းများအတွက်သုံးစွဲနိုင်ခြင်း

၃။မိမိသုံး၊ လယ်ယာလုပ်ငန်းသုံး(သို့ )ငါးဖမ်းလုပ်ငန်းအတွက်ထုတ်ယူသောသစ်တောထွက်
ပစ္စည်းများကိုထုတ်ယူသည့်နေ့ မှ တစ်နှစ်အတွင်း ထုတ်ယူသည့်နေရာမှမိုင်(၁၀)အတွင်းသုံးစွဲခြင်း။

၎။မိမိသုံး၊လယ်ယာလုပ်ငန်းသုံး(သို့)ငါးဖမ်းလုပ်ငန်းအတွက်သတ်မှတ်အရေအတွက်ထက်မကျော်
လွန် ဘဲထုတ်ယူခြင်း။

၅။ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောတည်ထောင်ခွင့်အနှစ်(၃၀)လျှောက်ထားရယူနိုင်ခြင်း။

၆။ကျေးရွာအများပိုင်ဘုံမြေလျှောက်ထားနိုင်ခြင်း။

၇။စိုက်ပျိုးမြေအတွက်အသုံးချခြင်း။



တာဝန်/ဝတ္တရား

သစ်တောထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပါသည်။





တားမြစ်ချက်

၁။ကျွန်းနှင့်တားမြစ်သစ်ပင်များကိုခွင့်ပြုမိန့် မရှိဘဲပိုင်းဖြတ်ခြင်း။ထစ်မှတ်ခြင်း၊ချိုးဖြတ်ခြင်း၊ ဖေါက်ထွင်း

ခြင်း၊မီး သို့ မဟုတ်အခြားနည်းဖြင့် ပျက်စီးစေခြင်း၊ မပြုရ။

၂။ပြည်နယ်၊ တိုင်း (သို့)ခရိုင်သစ်တောအရာရှိ၏ခွင့်ပြုချက်မရှိဘဲစီးပွားရေးအလို့ ငှါ ခုတ်လှဲခြင်း၊

ပိုင်းဖြတ်ခြင်း (သို့ )ခွဲစိတ်ခြင်းမပြုရ။

၃။တာမြစ်သစ်ပင်စာရင်းတွင်မပါဝင်သောသစ်ပင်နှင့်သစ်များကိုပြည်နယ်၊ တိုင်း(သို့ )ခရိုင်သစ်တောအ

ရာရှိ၏ ခွင့်ပြုမိန့် မရှိဘဲ စိးပွားဖြစ်အလို့ ငှါခုတ်လှဲခြင်း ပိုင်းဖြတ်ခြင်း ၊ သင်းသတ်ခြင်း၊ခွဲစိတ်ခြင်း၊

သို့ မဟုတ် သယ်ယူရွှေ့ ပြောင်းခြင်းမပြုရ။







၁၂။လယ်ယာ အမှုအခင်းများ
(တောင်သူလယ်သမားများအကျိုးငှါတရားရုံးတွင်မြေ ယာအငြင်းပွား မှုများကိုတရားစွဲဆိုမ
ဖြေရှင်းနိုင်ပါ။)

၁။တောင်သူလယ်သမားတစ်ဦးဦးအား အကြောင်းတစ်ခုခု တရားရုံး၏အမိန့် ဖြင့်(၁၉၆ခုနှစ်တောင်
သူ လယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေ)

(က)လယ်ယာမြေကိုသော်လည်းကောင်း ကျွဲ၊ နွားနှင့် ကိရိယာတန်ဆာပလာ၊အခြားသက်ရှိ
သက်မဲ့ကိရိယာတန်ဆာပလာများကိုသော်လည်းကောင်း၊ လယ်ယာမြေထွက်သော ပစ္စည်းများကိုသော်လည်းကောင်း ဝရမ်းဖမ်းခြင်း၊ သိမ်းဆည်းခြင်းမပြုရ။

(ခ)လယ်ယာမြေမလုပ်ကိုင်ရဟု သော်လည်းကောင်း တားဆီးခြင်းမပြုရ။

(ဂ)လယ်ယာမြေကိုလုပ်ကိုင်သည့် ကျွဲ၊ နွားများနှင့် ကိရိယာတန်ဆာပလာ၊ ထွန်စက်နှင့် ကိရိ
ယာတန်ဆာပလာကိုသော်လည်းကောင်း ၊လယ်ယာမြေမျာထွက်ရှိသည့် ပစ္စည်းများကိုသော်
လည်းကောင်း မရွှေ့ ပြောင်းရ (သို့ )ရောင်းချ သုံးစွဲခြင်းမပြုရ။

(ဃ)အထက်ဖော်ပြပါကိစ္စများဆောင်ရွက်မှုနှင့်ပတ်သက်၍ လူကိုဖမ်းဆီးချုပ်နောင်ခြင်းမပြုရ။

၃။အစိုးရကရရန်ရှိသော ငွေများအတွက်လယ်ယာမြေမှထွက်ရှိသည့်သီးနှံကို ဝမ်းစာချန်လှပ်၍ သိမ်းဆည်းနိုင်သည်။

၎။အမွေဆက်ခံပိုင်ခွင့်နှင့်စပ်လျဉ်း၍အ ခင်းဖြစ်ပွားသည့်ကိစ္စ (လုပ်ကိုင် ခွင့် ရှိ၊ မရှိ) ငြိမ်ဝပ်ပိပြားရေးအတွက်

အစိုးရက အရေးယူ သည့် ကိစ္စနှင့် ကြက်ပေါင်စေးမြေများစိုက်ပျိုးသည့်ကိစ္စများတွင်မှု တရားမရုံး  နှင့်အခြားတည်ဆဲဥပဒေ များအား သက်ရောက်ပါသည်။

၅။မြေယာအမှုအခင်းများအယူခံခြင်း

(က)ကျေးရွာအုပ်စု မြေယာကော်မီတီ၏ဆုံးဖြတ်ချက် မကျေနပ်လျှင်အမိန့် ချသည့်နေ့ မှ
ရက်ပေါင်း(၃၀) အတွင်း မြေယာကော်မတီသို့  အယူခံဝင်နိုင်သည်။

(ခ)မြို့နယ်မြေယာကော်မတီ၏ ဆုံးဖြတ်ချက်မကြေနပ်လျှင် ရက်ပေါင်း ၃၀ အတွင်းဗဟို
မြေယာ ကော်မတီသို့ အယူခံဝင်နိုင်သည်။

(ဂ) တိုင်းမြေယာ ကော်မတီ၏ ဆုံးဖြတ်ချက် မကြေနပ်လျှင် ရက်ပေါင်း ၃၀ အတွင်း မြေယာ
 ကော်မတီသို့ အယူခံဝင်နိုင်သည်။

(ဃ)အမှု ရှုံးသူသည် အမှုရှုံးသည့်မြေပေါ်မိမိကသီးနှံစိုက်ပျိုးပြီးဖြစ်ပါကယင်းသီးနှံကို ခံစားခွင့်
ရှိသည်။

၆။အများပြည်သူအကျိုးအတွက် အသုံးပြုရန်လိုအပ်ပါက လယ်ယာမြေကို စိုက်ပျိုးမှုမှအပ အခြားကိစ္စရပ်များအ

တွက်အသုံးပြုရန် အစိုးရက သိမ်းယူနိုင်သည်။ မြေခွန်၏၁၂ ဆ - ၂၀ဆ လျော်ကြေးအဖြစ် မြေရှင်ကရရှိနိုင်ပြီး၊

မြေပေါ်ရှိသစ်သီး၊ သစ်ပင်သီးနှံ၊ အဆောက်အအုံနှင့် လုပ်ကိုင်ခွင့်ဆုံးရှုံးရခြင်းများအတွက် လျော်ကြေးရရှိနိုင်သည်။

၇။ဝေငှခြင်းခံရသူ လယ်ယာမြေကိုတခြားသူတဦးအား ရောင်းချလျှင် စည်းကမ်းပျက်သဖြင့်
 သိမ်းယူခြင်းခံရ

မည်။ အပေါင်ခံ သူမှ ထိုလယ်ယာမြေကို လက်ရှိလုပ်နေလျှင်(လက်ငုတ်) ထိုသူကိုပင် ပြန်လည်သီးစားချထား

ရသည်။ လုပ်ကိုင်ခွင့်ချထားရသည်။

ဂ။ကင်းလွတ်ခွင့်ပြုထားသော လယ်ယာမြေကို အခြားသူတစ်ဦးအား လက်ရောက်ပေါင်နှံလျှင် စည်းကမ်းပျက်သ

ဖြင့် သိမ်းယူခြင်းခံရမည်။ အပေါင်ခံသူမှထိုလယ်ယာမြေကို လက်ရှိလုပ်နေလျှင်(လက်ငုတ်)
ထိုသူကိုပင် ပြန် လည်သီးစားချထားရသည်။ အပေါင်ဆုံးခြင်းဖြစ်သည်။

၉။ကင်းလွတ်ခွင့်ပြုထားသော လယ်ယာမြေကို အခြားသူတစ်ဦးအား ထပ်မံသီးစားချထားလျှင် စည်းကမ်းပျက်သဖြင့်သိမ်းယူခြင်းခံရမည်။ သီးစားပေး၍ လုပ်သူမှထိုလယ်ယာမြေကို လက်ရှိလုပ်ကိုင်နေလျှင် (လက်ငုတ်)

ထိုသူကိုပင် ပြန်လည်သီးစားချထားရသည်။ မူလပိုင်ဆိုင်မှု ပျက်ပြယ်ခြင်းဖြစ်သည်။



No comments:

Post a Comment

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar