Sunday, January 15, 2012

၎။ လယ်ယာမြေနှင့်ပတ်သက်၍ရပိုင်ခွင့်နှင့် တားမြစ်ချက်များ


(က) လယ်ယာမြေဆိုသည်မှာ
- လယ်ယာမြေစိုက်ပျိုးရေးအတွက် အသုံးပြုသည့် သို့တည်း
မဟုတ် လက်ရှိထားရှိသည့် မြေ၊ ယာမြေ၊ ကိုင်းမြေ၊ ကြက်ပေါင်း စေးစိုက်မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက် ပန်းမန် စိုက်ပျိုးသည့်မြေ၊ မြေနုကျွန်းပေါ်ဟု သော်လည်ကောင်း သတ်မှတ်သည့် မြေများပါဝင်သည်။

လယ်ယာမြေပေါ်တွင်တည်ရှိနေသည့် အဆောက်အအုံများပါ အကျုံးဝင်သည်။

မြေလွတ်၊ မြေရိုင်းနှင့် လယ်၊ ယာ၊ ကိုင်း၊ ဥယျာဉ်စိုက်ပျိုးသော မြေ အားလုံးပါဝင်သည်။ သို့ရာတွင် မြို့ရွာအတွင်းတည်ရှိသော လူနေအိမ်ယာအဖြစ်လက်ရှိထားသည့်မြေ မပါဝင်ချေ။


ရပိုင်ခွင့်

၁၊၊ လက်ရှိထားနိုင်ခွင့်

၂။ လုပ်ကိုင်နိုင်ခွင့်

၃၊၊ အကျိုးအမြတ် ခံစားနိုင်ခွင့်

၎။ အမွေဆက်ခံပိုင်ခွင့်

၅၊၊ စိုက်ပျိုးရေးစရိတ် ချေးယူနိုင်ခွင့်





တာဝန်/ ၀တ္တရား

၁။ အစိုးရစည်းကြပ်ခွန်ပေးဆောင်ရန်

၂၊၊ အစိုးရမှသက်မှတ်သော စီမံကိန်း သီးနှံစိုက်ပျိုးရန်





တားမြစ်ချက်

၁။ အကြောင်းမဲ့ လှပ်မထားရ

၂၊၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းမပြုရ

၃။ ပေါင်းနှံချိန် သီးစားချထားခြင်းမပြု

၎။ သာသနာ အဆောက်အဦး ၀န်ထမ်း သို့ ခွင့်ပြုချက်မရဘဲ လှူဒါန်းခြင်းမပြုရ

၅၊ ခွဲစိပ်ခြင်းမပြုရ

၆။ အခြားမြေနှင့် လဲလှယ်ခြင်းမပြုရ

၇။ လယ်ယာမြေ မြေအမျိုးအစား တစ်ခုမှတစ်ခုသို့ ပြောင်းလဲခြင်းမပြုရ(ဥပမာ - ယာ မှ ဥယျာဉ်)

၈။ စိုက်ပျိုးရေးမဟုတ်သော အခြားမြေအသုံးချမှု ပုံစံမပြုရ ( ဥပမာ- နေအိမ် အဆောက် အဦး ဆောက်လုပ်နေထိုင်ခြင်း)


ပြုစုရေးသားသူ--
 ဦးဝင်းမျိုးသူ


ဦးညာဏ်မြင့်မောင်

ဦးနိုင်လင်း ( သရုပ်ဖေါ်)

No comments:

Post a Comment

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar