Sunday, January 15, 2012

၃။ စိုက်ပျိုးမြေတရားဝင်လုပ်ပိုင်ခွင့် ဦးပိုင်ရရန်လျှောက်ထားခြင်း


                                        
  မိမိ၏လယ်ယာ၊ ဥယျာဉ်ခြံမြေတို့ကို တရားဝင်လက်ဝယ်
ထားရှိခွင့်ကို အသိသက်သေပြသနိုင်ရန် ဦးပိုင်လျှောက်ထား ရန်လိုအပ်ပါသည်။ တရားဝင်ဦးပိုင်ရှိမှသာ မြေယာ လုပ်ပိုင်
ခွင့်ကို တရားဝင် ကာကွယ်နိုင်ခြင်း၊ အကြောင်း အမျိုး မျိုးကြောင့် နိုင်ငံတော်မှမြေပြန်လည်သိမ်းယူသောအခါ 
မိမိ၏ ရပိုင်ခွင့်များကို တင်ပြတောင်းဆိုနိုင်မည်ဖြစ်သည်၊၊ 
-      မြေလွတ် မြေရိုင်းများကို တောင်သူများအနေဖြင့် စိုက်ပျိုးမြေဖေါ်ထုတ်အသုံးပြုနိုင်ခွင့်နှင့် စိုက်ပျိုးမြေဦးပိုင် လျှောက်ထားနိုင်သည်။

-      မြေလွတ် မြေရိုင်းများတွင် အစိုးရစီမံခန့်ခွဲနိုင်ခွင့်ရှိသော ကြိုးပြင်တောများ၊ စိုက်ပျိုးရေးလုပ်ကိုင်နိုင်သော သစ်တောမပေါက်ရောက်သောမြေကွက်များ၊ အကြောင်းအမျိုးမျိုးဖြင့် ပြန်လည်သိမ်းယူထားသော (သို့) ပြန်လည်အပ်နှံထားသော စိုက်ပျိုးမြေများ ပါဝင်သည်။
-      တစ်နိုင်တစ်ပိုင် စိုက်ပျိုးမြေ ဦးပိုင်လျှောက်ထားပါက မိမိကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွယ အုပ်ချုပ်ရေး ဥက္ကဌတို့မှ တဆင့် မိမိတို့ကျေးရွာ အတွင်း တာဝန်ကျသော မြေတိုင်း  စာရေးနှင့် ညှိနိုင်းကာ မြို့နယ် မြေစာရင်းဦးစီးဌါနသို့ လျှောက်ထားရမည်၊၊ အရေးကြီးသည့်အချက်မှာ လျှောက်ထားနိုင်သော မြေ ဟုတ်မဟုတ်နှင့် မြေယာအရှုပ်အရှင်းရှိမရှိ စစ်ဆေးခြင်းဖြစ်သည်၊၊

လျှောက်ထားပုံအဆင့်ဆင့်

 ၁။ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌါနမှ မြေစာရင်းပုံစံ ၁၀၃ ရယူပါ၊
 ၂၊၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံစာ ရယူပါ၊၊
၃၊၊  မြေစာရင်းပုံစံ  ၁၀၃ ဖြည့်စွပ်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံစာနှင့် ပူးတွဲလျှက် မြေစာရင်း ဦးစီးဌါနသို့ တင်ပြလျှောက်ထားပါ။
၎။ လက်ထောက်ဦးစီးမှူး၊ အမှုတွဲထိန်းမှ တင်ပြလျှောက်ထားချက်အရ ကွင်းဆင်းစစ်ဆေးပါ။
၅။  မြေစာရင်းဦးစီးဌါနမှ ရုံးလုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပြီး ဦးစီးမှု အတည်ပြုပါက လျှောက်ထားသူမှ ရေးကူးခအတွက် ကုန်ကျစရိတ်အားပေးဆောင်ရပါမည်၊၊
၆။ ကုန်ကျစရိတ်ပေးဆောင်ပြီးပါက မြေစာရင်းဦးစီးဌါနမှ မမြဲဦးပိုင် ( N) အဖြစ်ထုတ်ပေးပါသည်။
၇၊၊ လျှောက်ထားသူမှ မြေခွန် (၅) နှစ် ဆက်တိုက်ဆောင်ရပါမည်။
၈။ (၅) နှစ်ဆက်တိုက် ဆောင်ထားသော မြေခွန်ပြေစာများနှင့်အတူ မြဲဦးပိုင် လျှောက်ထားရပါသည်။
၉။  မြေစာရင်းဦးစီးဌါနမှ မြဲဦးပိုင်ထုတ်ပေးပါသည်။ တရားဝင်ဖေါ်ထုတ် လုပ်ကိုင်ခွင့် ရရှိပါသည်။

  သတိပြုရန်အချက်မှာ မြေစာရင်းဦးစီးဌါနမှ ရှေးဦးစွာ မမြဲဦးပိုင်ထုတ်ပေးပြီး မြေခွန် ၅ နှစ်ဆက်တိုက် ပေးဆောင်မှသာ မြဲဦးပိုင် ထုတ်ပေးမည်ဖြစ်သည်။  မြေခွန် ၁၂ နှစ် ဆက်တိုက်ပေးဆောင်မှသာ သားစဉ်မြေးဆက် လက်ဝယ် လွှဲပြောင်းပိုင်ခွင့် ရှိမည်ဖြစ်သည်၊၊

   ပြုစုရေးသားသူ--   
   ဦးဝင်းမျိုးသူ
  ဦးညာဏ်မြင့်မောင်
  ဦးနိုင်လင်း ( သရုပ်ဖေါ်)

No comments:

Post a Comment

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar