Friday, November 4, 2011

၂၀၁၂ MFI ကျောင်းအတွက် ကျောင်းသားများကို စတင်ခေါ်နေပြီ

NEED ကို၂ဝဝ၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ မြန်မာ့ပြည်သူထု၏လူ့အခွင့်အရေး၊ အသက်မွေး
ဝမ်း ကျောင်း ရပ်တည်နိုင်မှုနှင့် ရပိုင်ခွင့်များအားအကာအကွယ်ပေးနိုင်စေရန်အလို့ငှါမြန်မာ့လူဘောင် အဖွဲ့အစည်းမှ မျိုးဆက်သစ် လူငယ်များအားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရည်ရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေး၊ လူထုအ ခြေပြု စီးပွားရေးလုပ်ငန်း များတိုးတက်ဖွံ့ဖြိုးရေ:တို့နှင့်ပတ်သတ်၍သင် ကြားပို့ချပေးခြင်း ၊ စွမ်းရည်မြှင့်တင်ပေးခြင်း နှင့် လေ့ကျင့်ပေးခြင်းများပြုလုပ် ပေးလျက် ရှိပါသည်၊၊
NEED-Burma ၏ MFI-Program သည် ခြောက်လသင်တန်းဖြစ်ပါသည်၊၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အနီး၊
Model-Farm Initiative School(MFI)ကိုဖွင့်လှစ်၍ကျောင်းသားများကိုသင်ကြားပေးလျက်ရှိပြီး
လက်တွေလေ့လာသင် ကြားနိုင်စေရန် အတွက်သရုပ်ပြသဘာဝစိုက်ခင်း (demonstration model
farm) ကိုလည်းစိုက်ပျိုးထားရှိပါသည်၊၊ မြန်မာနိုင်ငံရှိတိုင်းရင်း သားအလွှာပေါင်းစုံအသီးသီးမှ တိုင်းရင်း
သား လူငယ်များအားသမားရိုးကျမဟုတ်သော သဘာဝစိုက်ပျိုးမွေးမြူနည်းများနှင့် ရိုးရာအစဉ် လာ နည်းပညာများ ပြန်လည်အသုံးပြုနိုင်သောစွမ်းအင် ထုတ်လုပ်မှု ၊ သဘာဝ သယံဇာတအရင်းအမြစ်
များ၊ စီမံခန့်ခွဲမှုနှင့်လူထုဖွံ့ဖြိုးရေးနည်းပညာများကိုသင်ကြားပို့ချပေးပြီး ကျောင်း သားများအတွက် နေထိုင်နိုင်ရန်အဆောင်များကိုလည်း ကျောင်းခြံဝင်းအတွင်း၊ပင်စီစဉ် ပေးထားပါသည်၊၊
     MFI-programအားသင်ယူပြီးမြောက်ပြီးသောကျောင်းသားများအနေဖြင့်ရေရှည် တည်တံ့ခိုင်မြဲ
သော ဖွံ့ဖြိုးရေး၊ လုံခြုံစိတ်ချရသောအသက်မွေးဝမ်းကျောင်းဘဝတို့အတွက်တက်ကြွစွာလုပ်ဆောင် ခြင်းဖြင့် လူမှုပြောင်းလဲသူ များဖြစ်လာစေရန်ရိုးရာနည်းပညာများနှင့် ဗဟုသုတများကိုရှာဖွေ စုဆောင်း ထိန်းသိမ်းခြင်း၈ အချက်အလက်များ စုဆောင်းခြင်း၈ သုတေသနများဦးဆောင်ပြုလုပ်ခြင်းများနှင့် မြန်မာနိုင်ငံ၊ကောင်းမွန်သောအကျိုးရလဒ်များဖော် ဆောင်နိုင်ရန်ဒေသခံ ပြည်သူများနှင့်ပူး ပေါင်းလုပ် ဆောင်နေကြပြီးဖြစ်ပါသည်၊၊

လျှောက်ထားသူများသည်အောက်ပါအရည်ချင်းများနှင့်ပြည်စုံရပါမည်

မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူဖြစ်ရမည်၊၊
အသက်၂၀ ပြည့်ပြီး၂၈ နှစ်ထက်မကြီးသူ
ဗမာစကားကျွမ်းကျင်သူ( အရေး၊အဖတ်၊အပြော)
အင်္ဂံလိပ်စာအခြေခံ(အရေး၊အဖတ်၊အပြော)
ဒေသရှိအဖွဲ့အစည်းတစ်ခုခု(သို့)မိမိအားသင်ကြားခဲ့သောဆရာတစ်ဦးဦးမှထောက်ခံချက်
လျှောက်လွှာနှင့်အတူအနည်းဆုံးထောက်ခံစာနှစ်စောင်ပူးတွဲတင်ပြရပါမည်၊၊(မြန်မာ(သို့) အင်္ဂံလိပ်စာ) စိုက်ပျိုးရေး/သဘာဝအရင်းအမြစ်များစီမံခန့်ခွဲမှုအတွေ့အကြုံရှိသူ
ဒေသဖွံ့ဖြိုးရေး/ စီပွားရေးဖွံ့ဖြိုးရေးလုပ်ငန်းအနည်းဆုံးတစ်နှစ်ရှိသူ
အခြေခံကွန်ပျူတာကျွမ်းကျင်မှု
ကျား/မ၊ ဘာသာရေးကွဲပြားမှု၊လူမျိုးရေးကွဲပြားမှုတို့ကိုလေးစားလိုက်နာသူ
လူမှုရေးလုပ်ငန်းများ၊ဦးစီးဆောင်ရွက်နိုင်သူ၊အလုပ်ကြိုးစားသူ
စေ့စပ်ဆွေးနွေးလိုမှု၊လူအများနှင့်ဆက်ဆံမှုပြေပြစ်သူ

အဓိကသင်ကြားပို့ချသောသင်ခန်းစာများ

သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း
သဘာဝသယံဇာတအရင်းအမြစ်များစီမံခန့်ခွဲမ
ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးနည်းပညာ
လူထုဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာနည်းပညာများ
ခေါင်းဆောင်မှုအရည်အသွေး
English ဘာသာစကားသင်တန်း
သုတေသနပြုလုပ်နည်းနှင့်Computer ဘာသာရပ်
ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်း
မြေဆီလွှာထိန်းသိမ်းစောင့်ရှောက်ခြင်း
ပြန်လည်ဖြည့်တင်းနိုင်သောစွမ်းအင်( ဇီဝဓါတ်ငွေ့၊နေရောင်ခြည်စွမ်းအင်)
သဘာဝမြေသြဇာပြုလုပ်နည်း
စပါးနှင့်ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်း
မျိုးစေ့များသိုလှောင်ထိန်းသိမ်းခြင်း
သဘာဝရွှံ အုတ်ဖြင့်အဆောက်အဦးပြုလုပ်ခြင်း
မိရိုးဖလာအသုံးအဆောင်ပစ္စည်းများပြုလုပ်နည်း(လက်မှုပညာ)
 MFIကျောင်းတွင်အရည်အချင်းပြည့်မှီသောမြန်မာနိုင်ငံသားဝန်ထမ်းများ၊ နိုင်ငံခြားသားသင်တန်းနည်းပြများနှင့်ဧည့်သည်သင်တန်းနည်းပြများသင်ကြားပို့ချပေးပါသည်၊၊ အများစုသောသင်ခန်းစာများအားအင်္ဂလိပ်စာဖြင့်သင်ကြားပြီး၈အချို့ကိုမြန်မာဘာသာသို့ပြန်ဆိုပေးပါသည်၊
၂၀၁၁ ခုနှစ်ပညာသင်နှစ်တွင်စိုက်ပျိုးရေး၈ရေရှည်တည်တံ့ခိုင်မြဲသောအသက်မွေးဝမ်းကျောင်းဘဝ၊ သဘာဝပတ်ဝန်းကျင်၊ဗွီဒီယိုအခြေခံ၊ ပြန်လည်ဖြည့်တင်းနိုင်သောစွမ်းအင်၊ လူထုအားစည်းရုံးလှုံ့ဆော်ခြင်း၊Computer သင်ခန်းစာ၊English ဘာသာရပ်၊ အစားအစာလုံခြုံမှုနှင့်စီးပွားရေးဘာသာရပ်များကို အချိန်ပြည့်သင်တန်းဆရာရှစ်ဦးဖြင့်သင်ကြားပို့ချပေးပါသည်၊၊  ၂၀၁၂ နှစ်တွင်လည်း  အလားတူ သင်တန်းဆရာများကတူညီသောသင်ခန်းစာများကိုသင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်၊၊
MFI- progam၊သင်ခန်းစာများကိုမည်သူများကသင်ကြားပို့ချသနည်း၊၊ကျောင်းသားဦးရေ၂၀၁၂ ခုနှစ်အတွင်ကျောင်းသား ၂၀ ဦးအားရွေးချယ်၍လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်၊၊ ၄င်း ကျောင်းသားများထဲတွင်မြန်မာနိုင်ငံမှတိုင်ရင်းသားလူမျိုးအသီးသီးမှလူငယ်မောင်မယ်များပါဝင်မည်ဖြစ်ပါသည်၊၊
ကုန်ကျစရိတ်နေရာထိုင်ခင်း၊အစားအစာနှင့်စာသင်ခန်းသုံးပစ္စည်းကိုကျောင်းမှထောက်ပံ့ပေးမည်ဖြစ်သည်၊၊ NEED အနေဖြင့်ကျောင်းသားများ၏ ဗီဇာကြေး၊ လက်ရှိနေရပ်မှMFI-School သို့အသွားအပြန်ခရီးစရိတ်များကိုထောက်ပံ့ပေးမည်ဖြစ်ပါသည်၊ Passport အားလျှောက်ထားသူမှ(သို့) လျှောက်ထားသူ၍အဖွဲ့အစည်းမှကျခံရပါမည်၊၊
ထောက်ပံ့ကြေးကျောင်းသားတစ်ဦးစီအတွက်လစဉ် ၆၀၀ ဘတ်ကိုထောက်ပံ့ပေးမည်ဖြစ်ပါသည်၊၊ ဤထောက်ပံ့ကြေးသည်ကျောင်းသားများ၏ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေးစသည့်အခြေခံအသုံးဆောင်ပစ္စည်းများအတွက်အသုံးပြုရန်ရည်ရွယ်ပါသည်၊၊
လျှောက်လွှာနောက်ဆုံးရက်လျှောက်လွှာများကို mailto:ဇန်နဝါလ၊၅ရက်နေ့ကိုနောက်ဆဵုးထား။ပေးပို့ရမည်ဖြစ်ပါသည်၉လျှောက်လွှာများကိုinfo@need-burma.org သို့ပေးပို့နိုင်ပါသည်၊၊
လျှောက်ထားသူအတွက်ထောက်ခံစာထောက်ခံစာအားလျှောက်လွှာနှင့်အတူNEED မှပေးထားသောပုံစံအတိုင်းဖြည့်သွင်းပေးပို့နိုင်ပါသည်၊၊ ထောက်ခံစာအားEnglish (သို့)မြန်မာဘာသာဖြင့်ရေးသားနိုင်ပါသည်၊၊ mailto:ထောက်ခံစာအားမိမိအားသင်ကြားပြသခဲ့သောဆရာ၊လျှောက်လွှာရှင်၍အဖွဲ့အစည်းခေါင်းဆောင်မှရေးသားရပါမည်၉မိမိ၍မိသားစု၈ဆွေမျိုး၈များမှရေးသားခြင်းခွင့်မပြုပါ၉ထောက်ခဵစာများကိုcoordinator@need-burma.org သို့သီးခြားသော်လည်းကောင်းလျှောက်လွှာနှင့်အတူပူးတွဲ။သော်လည်းကောင်းပေးပို့နိုင်ပြီးစာတိုက်မှတ
ဆင့်လည်းပေးပို့နိုင်ပါသည်၊၊


ကျောင်းသားတစ်ဦးအတွက်အနည်းဆဵုးနှစ်စောင်ပေးပို့ရမည်ဖြစ်ပြီးဆက်သွယ်ရန်အတွက်ထောက်ခံစာရေးသူ၏ ဖုန်းနံပါတ်၊ E-mail လိပ်စာရေးသားပေးရပါမည်၊
ထောက်ခံစာလိုအပ်သောဘာသာစကားသင်ခန်စာအများစုအားအင်္ဂလိပ်စာဖြင့်သင်ကြားပို့ချမည်ဖြစ်ပါသည်၉အချို့သောသင်ခန်းစာများ၈လက်
တွေ့လုပ်ဆောင်ဆွေးနွေးချက်များအားမြန်မာဘာသာပြန်ပေးပါမည်၊၊ ၂၀၁၂ အတွက်MFI ကျောင်းသားများအားအင်္ဂလိပ်စာရေးဖြေနှင့်နှုတ်မေး/ဖြေစာမေးပွဲအားNEED ဝန်ထမ်းများနှင့်ကျောင်းသားဟောင်းများမှသင့်တော်ရာနေရာ၊ဖေဖော်ဝါရီနှင့်မတ်လအတွင်းပြုလုပ်မည်ဖြစ်ပါသည်၊၊

ရွေးချယ်ခြင်းရှိမရှိမည်သို့သိရှိနိုင်မည်နည်းကျောင်းသားများအားရွေးချယ်ကြောင်းအကြောင်းကြားစာအား ၂၀၁၂ ခုဧပြီလပထမပတ်တွင်Emailမှပို့ပေးမည်ဖြစ်ပါသည်၊၊ ကျောင်းသားများအနေဖြင့်တက်ရောက်သင်ကြားနိုင်ခြင်းရှိ/မရှိအတည်ပြုစာအား၂၀၁၂ ဧပြီလ ၁၃ ရက်၊ သောကြာနေ့နောက်ဆုံးပေးပို့ရပါမည်၊ဧပြီ ၁၃ရက်နေ့နောက်ပိုင်းတွင် ၂၀၁၂ ခုနှစ်MFI-program အတွက်အပြီးသတ်ရွေးချယ်သောကျောင်းသားများစာရင်းကိုထုတ်ပြန်ပေးမည်ဖြစ်ပါသည်၊၊လိုအပ်သောပညာအရည်အချင်းနှင့်လုပ်ငန်းအတွေအကြုံလျှောက်ထားသူများအနေဖြင့်မြင့်မားသောပညာအရည်အချင်းရှိရန်မလိုအပ်ပါ၊၊ သို့ရာတွင်ဒေသဖွံဖြိုးရေးလုပ်ငန်း/ စေတနာ့ဝန်ထမ်းအတွေ့အကြုံရှိရန်လိုအပ်ပါသည်၊MFI –Program သည်အသေးစိတ်သင်ကြားပို့ချသောသင်တန်းဖြစ်သည်၊၊ လျှောက်ထားသူများအနေဖြင့်ကောင်းမွန်သောEnglishစာနှင့်မြန်မာစာအရေး၊အဖတ်စွမ်းရည်၊စိုက်ပျိုးရေးဆိုင်ရာအတွေ့အကြုံ၊ လူထုဖွံ့ဖြိုးရေးလုပ်ငန်း(သို့) စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းဆိုင်ရာအတွေ့အကြုံအနည်းဆုံးတစ်နှစ်ရှိရန်လိုအပ်ပါသည်၊ဘေးကင်းလုံခြုံစိတ်ချရမှုNEED- Burma ၍MFI ကျောင်းသည်ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အပြင်ဘက်တွင်တည်ရှိပြီးကျောင်းသားများ အတွက်အေးချမ်းဆိတ်ငြိမ်ပြီးဘေးကင်းလုံခြုံစိတ်ချရသောနေရာဖြစ်သည်၊၊နေရာထိုင်ခင်းNEED-Burma တွင်ကျောင်းသားများအတွက်စာသင်ခန်းတစ်ဖက်တချက်စီ၊ကျား/မနှစ်ခန်းစီခွဲခြားထားပြီးရေချိုးခန်းများကိုလည်းအိပ်ဆောင်များနှင့်ကပ်လျက်ဆောက်လုပ်ထားပါသည်၊၊ ကျွန်ုပ်တို့website www.need-burma.org ရှိဓါတ်ပုံalbum တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်၊၊အသေးစိတ်အချက်အလက်များအတွက်ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက info@need-burma.org (သို့) alumnicoordinator@need-burma.org သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်၊၊
သင်တန်းပြီးဆုံးပြီးနောက်
သင်တန်းပြီးဆုံးပြီးနောက်မိမိတို့၍ရပ်ရွာဒေသများတွင်စံပြအသေးစားစိုက်ပျိုးရေး(သို့)သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးရေးတို့အတွက်စီမံကိန်းများရေးဆွဲခြင်းနှင့်စီမံကိန်းအဆိုပြုလွှာ(project proposal) ရေးသားခြင်းများသင်ယူပြီးမြောက်မည်ဖြစ်သည်၊၊NEED-Burma အနေဖြင့်နည်းပညာဆိုင်ရာအကူအညီများ၊စီမံကိန်းများအတွက်ရံပုံငွေများ(Budget) ရှာဖွေခြင်းများ၊ကူညီပေးမည်ဖြစ်ပါသည်၉NEED-Burma အနေဖြင့်MFI-program အားသင်ယူပြီးမြောက်ပြီးသောကျောင်းသားဟောင်းများအားကျောင်းသားဟောင်းများကွန်ယက်(alumni network) ၍အစိတ်ပိုင်းအဖြစ်ပါဝင်နိုင်စေရန်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်၊၊
ကျောင်းသားဟောင်းများကွန်ယက်အစီစဉ်နှင့်ပတ်သတ်။အချက်အလက်များသိရှိလိုပါကalumnicoordinator@need-burma.org သို့ဆက်သွယ်နိုင်ပါသည်၉

MFI-program

စဉ်နေ့စွဲအကြောင်းအရာမှတ်ချက်
၃၁၊ ၁၀၊ ၂၀၁၁လျှောက်လွှာစတင်ဖြန့်ဝေခြင်းNEED website မှကူးယူနိုင်ပါသည်
၂၇၊ ၁၊ ၂၀၁၂လျှောက်လွှာပိတ်ရက်info@need-burma.org သို့ပေးပို့ရပါမည်
၃၀၊ ၁၊ ၂၀၁၂
၃၀၊ ၃၊ ၂၀၁၂
ရေး/ဖြေနှင့်လူတွေ့စစ်ဆေးရန်ကျောင်းသားများ၍နေရာဒေသအလိုက်သင့်တော်မည့်နေရာအားရွေးချယ်ပါမည်
၁၊ ၄၊ ၂၀၁၂ရွေးချယ်သောကျောင်းသားများအားအကြောင်း
ကြားရန်
၁၃၊ ၄၊ ၂၀၁၂ကျောင်းသားများမှတက်ရောက်ရန်အတည်ပြုစာနောက်ဆုံးထားပေးပို့ရန်
၁၊ ၄၊ ၂၀၁၂ မှ ၁၅၊ ၅၊ ၂၀၁၂ ထိနိုင်ငံကူးလက်မှတ်(passport) ပြုလုပ်ရန်ကျောင်းသားများမိမိအစီစဉ်ဖြင့်ပြုလုပ်
ကြရပါမည်၊၊
၁၀၊ ၆၊ ၂၀၁၂ဗီဇာကိစ္စဆောင်ရွက်ရန်NEEDမှကူညီဆောင်ရွက်ပေးပါမည်
၂၅၊ ၆၊ ၂၀၁၂ဖွင့်ပွဲအခမ်းအနားနှင့်အစီစဉ်များပြုလုပ်ခြင်းကျောင်းသားများဤနေ့မတိုင်မီရောက်ရှိ
ရပါမည်၊၊
၂၊ ၇၊ ၂၀၁၂သင်ခန်းစာစတင်ရန်
၁၀၂၂၊ ၁၂၊ ၂၀၁၂သင်တန်းဆင်းပွဲမိမိနေရပ်သို့ပြန်၍ဖွံ့ဖြိုးရေးစီမံကိန်းများ
စတင်ဆောင်ရွက်ရန်


No comments:

Post a Comment

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar