Tuesday, November 8, 2011

GMO အကြောင်း သိကောင်းစရာ

GMO(GeneticallyModifiedOrganism)ဆိုသည်မှာမျိုးရိုးဗီဇပြုပြင်ထားသောအပင်၊တိရိစ္ဆာန်နှင့်သက်ရှိဇီဝတို့ဖြစ်သည်။တနည်းအားဖြင့်
သဘာဝကိုကျော်လွန်၍မတူ ညီသောမျိုးရိုးဗီဇများကိုပေါင်းစပ်ခြင်းဖြစ်သည်။ အပင်မျိုးစိတ် တစ်ခုနှင့်တစ်ခုကို ပေါင်စပ်သကဲ့ သို့သက်ရှိမှ အပင် သို့လည်းပေါင်းစပ်ကြသည်။ဥပမာအားဖြင့် ငါးခွေးလျှာမှမျိုးရိုးဗီဇ(gene) အား အအေး ဒဏ် ခံနိုင်ရ န် ခရမ်းချဉ်သီးနှင့်စတော် ဘယ်ရီသီးများတွင်ပေါင်းစပ် ခြင်းဖြစ်သည်။  အများစုသောလူများက GMO သည်ပုံမှန် ပိုးသတ်ဆေး၊

 ပေါင်း သတ်ဆေးတို့ကိုခံနိုင်စွမ်း တို့အတွက်ရန်ရည်ရွယ်ထုတ်လုပ်ခဲ့ကြသည်။ ထို့အပြင်ကမ္ဘာ့လူဦး ရေကြီးထွားလာမှုအတွက် စားနပ်ရိက္ခာလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန် အတွက် ထုတ်လုပ်ခဲ့ကြသော်လည်း၎င်းသည်ကုမ္ပဏီများ၏ခေတ္တလှည့် စားမှုပရိယာယ် သာဖြစ်ပြီးတကယ့်လက်တွေ့တွင်GMOမျိုးစေ့အားအသုံးပြု လျက် ထုထည်ကြီးမာ သောစိုက်ပျိုးရေးလုပ်ကိုင်    ခြင်းမှရရှိသောအကျိုးအမြတ်သည် အခြားသောနည်းများဖြင့်လုပ်ကိုင်ခြင်း ထက်နည်းပါးသည်ကိုတွေ့ရသည်။ကြီးမားသောအကျိုးအမြတ်ရရှိသောသူများမှာ GMO စေ့များအားထုတ်လုပ် ရောင်းချ သော ကုမ္ပဏီများသာဖြစ်သည်လ့လြ့ဤည်းဖြင့် အမျာဆုံးစိုက်ပျိုးကြသော သီးနှံများမှာ ပဲပီစစ်၊ပြောင်း၊ဝါဂွမ်းတို့ဖြစ်ကြသည်။ အခုအခါတွင်မြန်မာနိုင်ငံ၌ လည်း GMOနည်းဖြင့်ပြုပြင်ထားသော ဖရဲ၊ ခရမ်း၊ မုံလာ၊ ငရုပ်၊ အာလူး၊ ပြောင်းစသောသီးနှံများကို တွင်ကျယ်စွာ စိုက်ပျိုးလာကြ  သည်ကို စိုးရိမ်ဖွယ်ရာတွေ့ရှိလာရပေသည်။ GMOနည်းဖြင့်ပြုပြင်ထားသော တိရိစ္ဆာများအား ဒေသထွက်အစားအ စာများကိုကျွေးမွှေး၍ ကောင်းစွာမကြီးထွားနိုင်သကဲ့သို့ စိုက်ပျိုးသောသီးနှံပင်များသည်လည်း သူတို့အတွက် ရည်ရွယ်သောဒေသများတွင်သာရာသီဥတုနှင့်ကိုက်ညီမူရှိကြသည်။ ရောဂါအန္တာရာယ်ကို လည်းဒေသခံမျိုးလောက် ခံနိုင်စွမ်းမရှိပေ။ သို့ရာတွင်ဓာတုဆေးများကိုကောင်းစွာခံနိုင်ရည်ရှိသောကြောင့် စိုက်ပျိုးသူများကဆေး အလွန်အကျွံသုံး စွဲကြသည်။ စိုက်ပျိုးသူများအနေဖြင့်ကိုယ်တိုင်ထုတ်လုပ်၍မရသောကြောင့် နှစ်စဉ်နှစ်တိုင်းဝယ်ယူကြရသည။် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများဝယ်ယူသုံးစွဲရခြင်း၊ မျိုးစေ့များဝယ်ယူရခြင်းသည် လယ်သမားများကို ငွေကုန်ကြေး ကျများစေသည်။ ဤအချက်သည်ပင်လျင် ကုမ္ပဏီများ၏ဦးတည်ချက်တစ်ခုဖြစ်သည်။ အခြားတစ်ဖက်၌ လည်း ဓာတုပိုး သတ်ဆေးများနှင့် မြေဩဇာများသုံးစွဲခြင်းကြောင့် မြေဆီလွှာ၊ သဘာဝပတ်ဝန်းကျင်၊ သက်ရှိများအ ချင်းချင်း အမှီသဟဲပြုနေထိုင်သောစနစ် (Ecology system)နှင့် ဇီဝကွဲပြားမှု( biodiversity) ကို များစွာထိခိုက် ပျက်ပြားစေသည်။ ဓာတုဆေးများကိုသုံးစွဲခြင်းကြောင့်GMO အသီးအနှံနှင့် အစားအသောက်များ တွင်လူခန္ဓာကိုယ်အားအဆိပ်ဖြစ်    စေ သည့်ဓါတ်သတ္တုများစွာပါဝင်သည်။ GMO တွင်အသုံးပြုသောဟော်မုန်း၌ပါဝင်သည့်Hepatitis B virus ဟုခေါ်သော  virus တစ်မျိုးသည် HIV နှင့်ဆက်နွှယ်မှုရှိကြောင်း သုတေသနများအရ တွေ့ရှိကြသည်။ထို့ကြောင့် GMO ကိုသုံးစွဲခြင်းဖြင့် လူတို့၏ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာထိခိုက်မှု၊ ကုမ္ပဏီများမှ ရောင်းချသော မျိုးစေ့များကိုသာဝယ်ယူနေရခြင်းကြောင့် ငွေကုန်ကြေးကျများခြင်းနှင့် ရိုးရာစိုက်ပျိုးရေးနည်းပညာနှင့် ဒေသမျိုးစေ့များတဖြည်းဖြည်းပျောက်ကွယ်လာခြင်း၊ကုမ္ပဏီများကထုတ်လုပ်မှုရပ်ဆိုင်းလိုက်လျင်စိုက်ပျိုးရေးကဏ္ဍ၌အ ခက်အခဲများ ရှိလာနိုင် ခြင်း စသောပြဿနာများစွာကြုံတွေ့လာနိုင်ပေသည်။       
အစားအစာများထက်တာရှည်ခံနိုင်မှု၊အဟာရ၊အရသာခံနိုင်စွမ်းနှင့်

No comments:

Post a Comment

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar