Friday, January 13, 2012

စိုက်ပျိုးရေးနှင့် မြေအသုံးချခြင်းဆိုင်ရာ အခွင့်အရေး ရပိုင်ခွင့်များ

၁၊၊ မြေအသုံးချမှုပုံစံများ
    
  တောင်သူတွေအနေနဲ့ မိမိရဲ့ မြေယာအသုံးချပိုင်ခွင့်
တွေကို သိချင်တယ်ဆိုရင် ရှေ့ဦးစွာ အစိုးရသတ်မှတ်
ထားတဲ့ မြေအသုံးချမှု ပုံစံသတ်မှတ်ချက်တွေနဲ့ဆက်စပ်
 သိရှိနားလည်ဖို့ လိုအပ်ပါတယ်၊၊ ယေဘုယအားဖြင့်
ဆိုလျှင်( က) အမြဲတမ်းစိုက်ပျိုးရေးအသုံးချသော မြေနဲ့
(ခ) စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေဆိုပြီး ၂ မျိုးခွဲခြား သိသင့်ပါတယ်။

(က) အမြဲတမ်းစိုက်ပျိုးရေးအသုံးချသော မြေမှာ အောက်ပါမြေအသုံးချမှုတွင်ပါပါ တယ်။

    (၁) လယ်မြေ - ပြန့်ပြူးပြီင်္းဆည်မြောင်းရေ (သို့) သဘာဝ မိုးရေကို အသုံးပြုပြီး စပါး    
                          အဓိက စိုက်ပျိုးသောရေကို ဆိုလိုပါတယ်၊၊

    (၂) ယာမြေ - မိုးရေကို အဓိကအားထားပြီး စပါးးမဟုတ်တဲ့ အခြားသီးနှံများ ဖြစ်တဲ့ ပဲ၊
                    နှံစားပြောင်း ၊ ဆီထွက်သီးနှံတို့ စိုက်ပျိုးသော မြေကို ဆိုလိုပါတယ်။

    (၃) ကိုင်းကျွန်းမြေ - သဘာဝ မြစ်ချောင်းများ ရေကျသောအချိန်မှာ ပေါ်ထွန်းလာတဲ့
                           ကိုင်းကျွန်းမြေနုများမှာ သီးနှံ စိုက်ပျိုးတဲ့မြေကို ဆိုလိုပါတယ်။ နေ့အ
                          လိုက် ရေစီးကြောင်းအပေါ်မူတည်ပြီး ပြောင်းလဲပေါ်ထွန်းလာတဲ့ စိုက်ပျိုး
                          မြေ အမျိုးအစားပါ၊၊

     (၄) ဥယဉ်ခြံမြေ - နှစ်ရှည်သီးနှံပင်များဖြစ်တဲ့ သရက်၊ သံပုရာ၊ လိမ္မော်၊ အုန်း၊
                               အစရှိသည့်အပင်များ အဓိက စိုက်ပျိုးတဲ့မြေဖြစ်ပါတယ်၊၊

     (၅) ဓနိခြံမြေ -  မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကန်းရိုးတန်းဒေသ ၊ ပင်လယ်ရေငံ     
                           ပေါက်ရာဒေသတွေမှာ ဓနိပင် ပေါက်ရောက်ပြီး ကိုယ်ပိုင်အမှတ်အသား
                           နှင့် ပြုစု ထိမ်းသိန်းထားတဲ့ မြေအမျိုးအစားကို ဆိုလိုပါတယ်။



(ခ) စိုက်ပျိုးရေးအတွက် အသုံးချသော မြေအုပ်စုတွင် အောက်ပါအသုံးချမှု သက်မှတ်
      ချက်ကို တွေ့ရပါတယ်၊

    (၁) သစ်တောနယ်မြေ - သစ်နှင့် သစ်တောထွက်ပစ္စည်းထုတ်လုပ်ရေး၊ သားငှက်တော  
               တိရိစ္ဆာန်တော ထိန်းသိမ်းရေး၊ ရေဝေ ရေလဲနှင့် ပတ်ဝန်းကျင် ထိမ်းသိန်းရေးနှင့်   
               စိမ်းလန်းစိုပြေရေးအလို့ငှါ ၊ သစ်တောဦးစီးဌာနမှ ထိန်းသိမ်းကာကွယ် စောင့်    
              ရှောက်ထားသော နေမြေများကို ဆိုလိုပါသည်၊၊

    (၂) စားကျတ်နေမြေ -  ကျွဲ၊ နွား တိရိစ္ဆာန် လွှတ်ကျောင်းခြင်းအလို့ငှါ ၊ တိရိစ္ဆာန်မွေးမြူ
                  ရေးနှင့် ကုသရေးဦးစီးဌါနမှ သတ်မှတ်ထားသော နေမြေများကို ဆိုလိုပါသည်။

   (၃) ငါးမွေးမြူရေးကန် - ငါးလုပ်ငန်းဦးစီးဌါန၏ ခွင့်ပြုချက်အဖြစ် မွေးမြူထားသော   
                                     ငါးမွေးကန်နေမြေများကို ဆိုလိုသည်၊၊

  (၄) ကြိုးပြင်သစ်တောမြေ - သစ်တောများပေါက်ရောက်နေသော်လည်း သစ်တောဦးစီးဌါနမှ  
                            သစ်တောနေမြေအဖြစ် သတ်မှတ်ထားခြင်းမရှိသောမြေကို ဆိုလိုပါသည်၊၊

 (၅) စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်း - မည်သည့်မြေအသုံးချမှုမှ မပါဝင်သော စိုက်ပျိုးရေး 
                                   တိုးချဲ့လုပ်ကိုင်ရန်အတွက် ရရှိနိုင်သော မြေနေရာကို ဆိုလိုပါသည်၊၊

 (၆)သတ္တုတွင်းနေမြေ - မြေပေါ်၊ မြေအောက် သယံဇါတပစ္စည်းများထုတ်ယူရန်အတွက်
       သတ္တုတွင်းဝန်ကြီးဌါနမှ အဆိုပြုသတ်မှတ်ပြဌန်းထားသော မြေနေရာကို ဆိုလိုပါသည်။

(၇) မြို့ရွာ အိုးအိမ် အခြေချနေထိုင်သောမြေ - လူနေအိမ် ခြေ ဆောက်လုပ်နေထိုင်ရန်
      အတွက် သတ်မှတ်ပြဌန်းထားသော မြို့နေမြေနှင့် ကျေးရွာနေမြေများကို ဆိုလိုပါသည်၊၊

(၈) မြစ်ချောင်းနေမြေ - မြစ်ချောင်းများစီးဆင်းရာနေမြေဖြစ်ပြီး ရေအရင်းအမြစ်နှင့် 
                        မြစ်ချောင်းများထိန်းသိမ်းရေး ဦးစီးဌါနမှ တာဝန်ယူ အုပ်ချုပ်ရသော
                        နေမြေများဖြစ်သည်။

ဆက်လတ်ရေးရန် -------

ပြုစုရေးသားသူ--
-ဦးဝင်းမျိုးသူ
ဦးဥာဏ်မြင့်မောင်
ဦးနိုင်လင်း ( သရုပ်ဖေါ်)









No comments:

Post a Comment

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar