Tuesday, October 18, 2011

၂၁ ရာစု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်မြို့၊ ရတနာမာန်အောင်ကွက်သစ်၊ အောင်မင်္ဂလာကျက်သရေကုန်း တောရဘုန်းကြီးကျောင်းတိုက်တွင် ၂၁ ရာစု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဟောပြောပွဲကို ယနေ့ ညနေ ၄ နာရီမှ ည ၉ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

ဒေါက်တာထွန်းလွင် (ဓာတ်ပုံ - tunlwin.com)
အဆိုပါဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ လူမှုအကျိုးသယ်ပိုးနေသည့် ပရဟိတအဖွဲ့များ၊
လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ စသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ စုပေါင်းပါဝင် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ရာတွင် ပါဝင်သည့် ကိုမင်းမင်းက “အဓိကက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အသိအမြင်တွေ လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန် နိုးကြားလာစေဖို့နဲ့ ကျနော်တို့ကိုယ်တိုင် ကျနော်တို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှာကို ထိန်းသိမ်းကာကွယ်သွားနိုင်ဖို့ ရည်ရွယ်သလို၊ နိုင်ငံတွင်းမှာရှိတဲ့ သဘာဝ မြစ်ချောင်းအင်းအိုင်တွေ၊ နောက်ပြီးတော့ သစ်တောတွေကို ကျနော်တို့ ပြည်သူလူထုတွေက ၀ိုင်းဝန်းထိန်းသိမ်းကြဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားကြဖို့ ရည်ရွယ်တဲ့ပွဲပါ”ဟု ပြောသည်။
ဟောပြောပွဲတွင် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် ‘အောင်ပင်လယ်’ လူမှုဝန်းကျင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ဒေ၀ီသန့်ဇင်တို့ ဟောပြောခဲ့ကြသည်။
ဒေါက်တာဦးထွန်းလွင်မှ ‘၂၀၁၁ ခုနှစ် လက်ရှိရာသီဥတုအခြေအနေနဲ့ လက်ကျန် မိုးလွန်ကာလအတွက် ရာသီဥတုအလားအလာ’ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့၍ ဆရာမ ဒေါ်ဒေ၀ီသန့်စင်မှ ‘၂၁ ရာစု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ’ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ဒေါ်ဒေဝီသန့်စင်က မြစ်ဆုံရေကာတာစီမံကန်းကို လက်ရှိအစိုးရလက်ထက်တွင် ရပ်ဆိုင်းလိုက်သည်ဆိုသော်ငြားလည်း ပြည်သူလူထုအနေဖြင့် အလံထောင်၍ မရသေးကြောင်း ပြောကြားသည်ကို ပရိသတ်များ အကြိုက်တွေ့ခဲ့ကြကြောင်း ဟောပြောပွဲတက်ရောက်ခဲ့သူတဦးက ပြောသည်။
အဆိုပါ ၂၁ ရာစု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဟောပြောပွဲသို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများမှ အဖွဲ့ဝင်များအပါအဝင် လူထုလူတန်းစား အလွှာအသီးသီးမှ ပရိသတ် ၁၀၀၀ (တစ်ထောင်) ခန့် တက်ရောက်ခဲ့သည်။

No comments:

Post a Comment

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar