Monday, September 12, 2011

မြန်မာနိုင်ငံ အိုးအိမ်၊မြေယာ၊ ဥစ္စာပစ္စည်းအခွင့်အရေးများဆိုင်ရာလမ်းညွန်

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ
       (၁) လူ့အခွင့်အရေးဆိုသည်မှာအဘယ်နည်း၊


Photo: KHRG
လူအခွင့်အရေးဆိုသည်မှာလူသားအားလုံးခံစားခွင့်ရှိသောအခြေခံအခွင့်အရေးများနှင့် လွတ်လပ် ခွင့်များ ဖြစ်ပါသည်၊၊ လူ့အခွင့်အရေးသည် လူတို့အားပျော်ရွှင်၊ ကျမ်းမာ၊ လွတ်လပ်သောဘ၀များမှာ နေထိုင် ခွင့်ပေးပါသည်၊၊ ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀များ၌ စားစရာ ၊အစားအစာလုံလောက်ရေး၊ သောက်စရာ သန့်ရှင်း သောရေလုံလောက်ရေး၊ မကျမ်းမမာသောအခါ၌ဆေးကုသ ရေး ကဲ့သို့သော အခြေခံလိုအပ်ချက်များရှိပါ သည်၊၊ ထို့ပြင် ကျွန်ုပ်တို့ ၏ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖေါ်ပြသခွင့်၊ ဘာသာ တရားများကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ကဲ့သို့သော လွတ်လပ်ခွင့် အချို့ ကိုလည်း လိုအပ်ပါသည်၊၊ ဤအရာများရရှိရေးနှင့် လွတ်လပ် မှုများခံစားရေးသည် လူသားတိုင်းရရှိရမည့် အခြေခံအခွင့်အရေးများဖြစ်ပါသည်၊၊          
     မည်သည့်နေရာမှာ မဆို လူတိုင်းအဖို့ (ယောင်္ကျိာုးဖြစ်စေ၊ မိန်းမဖြစ်စေ၊ ဖြစ်စေ၊ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ၊ ချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ) မည်သည့်နေရာမှာ မွေးဖွားခဲ့သည်ဖြစ်စေ၊ မည်သည့်အရာကို ယုံကြည်သည်ဖြစ်စေ၏  ဤ လူ့အခွင့်အရေးများရှိပါသည်၊၊ ဤအခွင့်အရေးများကို ကျွန်ုပ်တို့ဆီမှနေ၍ ရုပ်သိမ်းသွား၍ မရချေ၊ လေးစားလိုက်နာရမည်၊၊
(၂) လူ့အခွင့်အရေးသည်မည်သည့်နေရာမှပေါ်ထွက်လာသနည်း
              လူ့အခွင့်အရေးသည် ကမ္ဘာတလွှားရှိ အမျိုးမျိုးသောယဉ်ကျေးမှုများ၊ ဘာသာတရားများ
လူမှုအသိုင်းအ၀ိုင်းများ၏ ဘုံတူညီသော တန်ဖိုးထားမှုမှနေ၍ ပေါ်ထွက်လာခြင်းဖြစ်ပါသည်၊၊  ကမ္ဘာတလွှားရှိလူအများစုအဖို့ မိမိတို့နှင့်တကွ ကမ္ဘာတလွှားရှိလူများကို ဂုဏ်သိက္ခာပြုမှု၊ လေးစားမှုတို့ဖြင့် ဆက်ဆံပြုမှုသင့်သည်ဟုယုံကြည်နေကြသောကြောင့်ဖြစ်သည်၊၊
ဆိုးရွားလှသည်ကား သမိုင်းတစ်လျှောက်၌ ပြည်သူတို့သည်အစိုးရများ၊ စစ်တပ်များနှင့် အခြားပုဂ္ဂိုလ်များ၏ မတော်မတရားပြုမှုများခြင်းကြောင့်ဖြစ်ပေါ်လာရသော ကြောက်မတ်ဖွယ် ဒုက္ခဝေတနာများကို ကြုံတွေ့ခဲ့ကြ ရခြင်းဖြစ်ပါသည်၊၊ လူအတော်များများသည် ဖိနှိပ်ပြီးကြမ်းကြုတ်ရက်စက်သော အစိုးရများ၏ လက်အောက်မှာ စစ်ပွဲများ၊ အကြမ်းဖက်မှုများကို ကြုံတွေ့ဖြတ်သန်းကာ နေထိုင်လာခဲ့ကြသည်၊၊  တနည်းဆိုရသော် စားစရာ အစားအစာ လုံလုံလောက်လောက်မရှိ၊ သို့မဟုတ် နာမကျန်းဖြစ်လျှင် ဆေးဝါးကုသမှု လုံလုံလောက်လောက်မရှိသည့် ဘ၀ဖြင့်နေလာခဲ့ရသည်၊၊  မြန်မာပြည်သူတို့သည် န၀တ၊နအဖ ကြောင့်ဖြစ်ပေါ်လာခဲ့သော စစ်တပ်ကြီးစိုးခြင်း၊ လက်နတ်ကိုင် ပဋိပက္ခ၊ မြေယာသိမ်းယူမှု၊ အိုးအိမ်အခြေပျက်ခြင်း တို့ကို နှစ်ပေါင်းများစွာကြုံတွေ့ယင်းနေလာခဲ့ကြသည်၊၊ လူအတော်များများသည် တရား မျှတသော တရားစီရင်မှုမရှိဘဲ သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတို့ကိုခံနေကြရသည်၊၊  မြန်မာပြည်သူတို့၏ အခြေခံလူအခွင့်အရေးများသည် လေးစားလိုက်နာခြင်း မခံခဲ့ရချေ၊၊
  ဤအခြေအနေကြောင့်ကျွန်ုပ်တို့သည် ပြည်သူအားလုံး၏ အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်စိမ့်သောငှာ နိုင်ငံတကာလူ့အခွင့်အရေးစနစ်ကို အားပေးရန်လိုအပ် ကြောင့်သိပြုမိပါသည်၊၊

ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်း
  ၁၉၄၈ ခုနှစ် တိုင်းပြည်အများအပြားမှ ကိုယ်စားလှယ်များသည် ကုလသမဂ္ဂမှာ စုဝေးကြကာ ၄င်းတို့၏ အနာဂတ်မျှော်လင့်ချက်များနှင့် လိုအပ်ဆန္ဒများကို ထင်ဟပ်ဖေါ်ပြသော စာတစ်စောင်ရေးသားပြုစုပြီး ကမ္ဘာပေါ်ရှိ မည်သူမဆိုခံစားခွင့်ရှိသောကာကွယ်စောင့်ရှောက်ပေးမှုများကို ချမှတ်ခဲ့ကြသည်၊၊ ဤစာသည်နောင်အခါ၌ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်း ( Universal Declaration of Human Rights- UDHR) ဖြစ်လာခဲ့ပါသည်၊၊ UDHR ကို အဖွဲ့ဝင်နိုင်ငံ ၅၆ နိုင်ငံက ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့ကြသည်၊၊    ဤနေ့ကို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိသောပြည်သူတို့က လူ့အခွင့်အရေးနေ့အဖြစ် ကျင့်ပကြပါသည်၊၊
                     UDHR သည် ကြေငြာစာတမ်းတစ်စောင်နှင့် ရည်ရွယ်ချက်ကြေငြာချက်တစ်စောင်ဖြစ်ပါသည်၊၊
ဤကြေငြာချက်ထဲတွင် ပြည်သူအပေါင်းတို့အား လူ့ဂုဏ်သိက္ခာရှိသော ဘ၀ဖြင့်နေထိုင်နိုင်ရေးအတွက် ကြိုးပန်း ဆောင်ရွက်ပေးပါမည်ဟုကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကတိက၀တ်ပြုထားသောမူများကို ပြဌန်းထားပါသည်၊၊ ကြေငြာစာတမ်းပါ ပုဒ်မ ပေါင်း ၃၀ ဖြင့်စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ နှင့် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများအကြုံ့ဝင်သော ပြီးပြည့်စုံသော ကြေငြာချက်တစ်စောင်ကို ရေးသားပြုစုထား ပါသည်၊၊ UDHR သည် လူသားအားလုံး၏ အခြေခံအခွင့်အရေးများကို ဖေါ်ပြထားပါသည်၊၊  ဤအခွင့်အရေးအနက် အချို့မှာ
v     ခွဲခြားဆက်ဆံမှုလွတ်လပ်ခွင့်
v     ကျန်းမာစွာနေထိုင်ခွင့်
v     ကျေးကျွန်ပြုခြင်းမှ လွတ်လပ်ခွင့်
v     ပညာသင်ကြားခွင့်
v     မတရားဖမ်းဆီးချုပ်နှောင်ခြင်းမှ လွတ်လပ်ခွင့်
v     ညှင်းပမ်းနှိပ်စက်မှုမှ လွတ်လပ်ခွင့်
v     လုံလောက်သော လူနေမှုအတဆင့်အတန်းဖြင့် နေထိုင်ခွင့်
v     ထင်မြင်ချက်များကို လွတ်လပ်စွာဖေါ်ပြခွင့်
v     ဆန္ဒပြခွင့်
v     အလုပ်လုပ်ခွင့်
v     ဘာသာရေးလွတ်လပ်ခွင့်
v     တရားမျှတစွာ တရားစီရင်ခွင့်
v     မဲဆန္ဒပေးခွင့်
v     မိသားစုဖြင့်နေထိုင်ခွင့်
သို့ရာတွင်

No comments:

Post a Comment

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar