Friday, September 9, 2011

ကုန်ကျစရိတ်နည်းသော စိုက်ပျိုးရေးလုပ်ငန်း

              ကုန်ကျစရိတ်နည်းသော စိုက်ပျိုးရေးလုပ်ငန်းဆိုသည်မှာ အနိမ့်အမြင့်မတူသော အပင်အမျိုးပေါင်း ၃၀-၅၀ အထိကို အထပ်ထပ်စိုက်ပျိုးပေးခြင်းဖြစ်သည်၊၊ ၄င်းလုပ်ငန်းအတွက် လိုအပ်သောပစ္စည်းများနှင့် မြေသြဇာ၊ မြတ်ပင် ပင်ဖြစ်စေ၊ ခြံလုပ်ငန်းလုပ်ဆောင်ရာမှ ရရှိသော ဘေးထွက်ပစ္စည်းများမှဖြစ်စေ (သို့) လဲလည်ခြင်းမှဖြစ်စေ ရရှိနိုင်သည်၊၊ အလုပ်သမားများငှားရန်းရန်မလိုဘဲ တခါတရံ စိုက်ခင်းတွင်း မိသားစုများ ၀ိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ကြည့်ရှုထိန်းသိမ်းနိုင်ပါသည်၊၊
ပေါင်းပင်နှင့် ပိုးမွှားများထိန်းသိမ်းခြင်း၊ဆည်မြောင်း သွယ်ခြင်းနှင့် သိုလှောင်ခြင်းတို့အတွက် လိုအပ်သောအရာများကို မိမိ၏စိုက်ပျိုးခင်းထဲတွင် ရရှိပြီး ၀ယ်ယူရန်မလိုအပ်ချေ။ ကုန်ကျစရိတ်နည်းသော စိုက်ပျိုးရေးခြံအတွက် လိုအပ်သော အသုံးပစ္စည်း များကို ခြံတွင်း
    အပူပိုင်းဒေသတွင်းရှိ ၀င်ငွေနည်းသောသူများအအတွက် ကုန်ကျစရိတ်နည်းသောစိုက်ပျိုးခြံတွင် သဘာဝအရင်းအမြစ်များကို ထိရောက်စွာနှင့်သင့်တော်သောနည်းစနစ်များအသုံးပြုပြီး လုပ်ဆောင် နိုင်ပါသည်၊

ရည်ရွယ်ချက်။  ၊၊  ကုန်ကျစရိတ်နည်းသောစိုက်ပျိုးရေးစနစ်၏ ရည်ရွယ်ချက်မှာ အပင်များကို အထပ်ထပ် စိုက်ခြင်း၊ အပင်အမျိုးမျိုးကိုရောနှောစိုက်ခြင်း နှင့် တိရိစ္ဆာန်ငယ်ကလေးများမွေးမြူခြင်း။ အဟာရအတွက် အစားအစာများ၊ အဆောက်အဦးပညစ္စည်းများနှင့် စိုက်ပျိုးရေးအတွက် အဓိကလို အပ်သော အရာများကို ထုတ်လုပ်နိုင်ရန်အတွက့်ဖြစ်သည်၊၊

စိုက်ပျိုးခြံ၏လည်ပတ်မှုနှင့်တည်ဆောက်ပုံ
  စိုက်ပျိုးခြံတွင်
၁။ အိမ်ထောင်တစ်ခုအတွက်လိုအပ်သောနေ့စဉ်အစားအစာများပေးခြင်း
၂၊၊ စိုက်ပျိုးထားသည့်သီးနှံများကို တစ်နှစ်လုံးနီးပါးရိတ်သိမ်းနိုင်သည့်အတွက် အပင်တစ်မျိုးတည်း စိုက်ထားသောစိုက်ပျိုးခင်းများကဲ့သောသီးနှံပျက်စီးခြင်းအန္တရာယ်ကိုလျော့နည်း စေနိုင်သည်၊၊
၃၊၊ ပုံမှန်ဝင်ငွေရစေသည်၊၊

အစားအစာ
              အာရှနိုင်ငံအများစုအတွင် မိသားစုဝင်ငွေ ၇၅ ရာခိုင်နှုန်းကို အစားအစာအတွက် အသုံးချသည်၊၊ ကုန်ကျစရိတ်နည်းပါးသောစိုက်ပျိုးခြံတွင် အရည်အသွေးရှိသောအစားအစာများကို အဆက်မပြတ်ထုတ်ယူနိုင်သည်၊၊ အဘယ်ကြောင့်ဆိုသော် ထိုစိုက်ပျိုးခြံတွင် ပဲအမျိုးမျိုး၊ ဟင်းသီး ဟင်းရွက်အမျိုးမျိုး၊ အမြစ်အမျိုးမျိုး၊ သစ်ဥ သစ်ဖူးများ၊ အမွှေးအကြိုင်နှင့် သစ်သီးအမျိုးမျိုးရရှိနိုင်သောကြောင့်ဖြစ်သည်၊၊ ခြံထွက် ဟင်းသီး ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို လုံလောက်စွာရရှိသဖြင့် မိသားစုများအတွက် အစားအစာ ၀ယ်ရန်မလိုတော့ဘဲ အပိုငွေများကို စုဆောင်းထားပြီး အခြားလိုအပ်မှုများအတွက် အသုံးချနိုင်သည်၊၊
                 ကုန်ကျစရိတ်နည်းသော စိုက်ပျိုးခင်းများတွင် အစားအစာကိုအဓိကထား၍ ထုတ်လုပ်သော်လည်း အခြားပစ္စည်းဖြစ်သော ထင်း၊ အဆောက်အဦးပစ္စည်းများ၊ အိမ်မွေးတိရိစ္ဆာန်အတွက် အတွက် အဆောက်အဦးပစ္စည်းများနှင့် အစားအစာများ၊ ပရဆေးပင်များ၊ ဟင်းရွက်အမွှေးအကြိုင်များ၊ စားဆီ၊ အိမ်ထောင်ပရိဘောဂ၊ ပန်းကန် ခွက်ယောက်များ၊ ယက်ကန်းပစ္စည်းများနှင့် ထည့်စရာဗူးခွက်များရရှိနိုင်သည်၊၊

စိုက်ပျိုးရေး
            ကုန်ကျစရိတ်နည်းသော စိုက်ပျိုးခြံများသည် သီးနှံပျက်စီးဆုံးရှုံးမှု အန္တရာယ်ကိုလျော့ နည်းစေပြီးတစ်နှစ်လုံးအတွက် အစားအစာ ပုံမှန်ထုတ်လုပ်ပေးသည်၊၊ ခြံထဲတွင်အပင်များကို ရောနှော စိုက်ပျိုးပြီး အပင်များကို အထပ်ထပ်စိုက်ပျိုးသည်၊၊ အပင်တစ်မျိုးစီ၏အရိပ်အောက်တွင် ရရှိနိုင်သောနေရောင်ခြည်တွင် အသက်ရှင်နိုင်မည့်အပင်များကို ရွေး၍စိုက်ပျိုးသည်၊၊ အလားတူစွာပင် စိုက်ပျိုးရေးသမားများအနေနှင့်အမြစ်အနက်မတူသောအပင်များကိုရွေးစိုက်သည့် အတွက် မြေကြီးထဲမှမြေသြဇာအစိုဓါတ်များကို လုယူရန်မလိုဘဲ မျှမျှတတ အကျိုးရှိသုံးချနိုင်သည်၊၊ အတူတကွ စိုက်ပျိုးကောင်းသောအပင်များကို  တွဲ၍စိုက်ပျိုးနိုင်သောအပေါင်းအဖေါ်ပင်များ ဟုခေါ်သည်၊၊
                အုန်းပင်များသည်မြင့်သောအပင်များဖြစ်သည့်အတွက် အမြင့်ဆုံးအမိုးကဲ့သို့ဖြစ်ပြီး
ယင်း၏အောက်တွင် ထောပတ်ပင်၊ မာလကာပင်၊ ပိန္နဲပင်၊ ကော်ဖီပင်၊ ကိုကောပင် စသည့်အပင်များ ကို စိုက်ပျိုးနိုင်သည်၊၊ ပဲအမျိုးမျိုးနှင့် ဗူး ၊ ဖရုံသီးမျိုးတို့ကို သစ်ပင်အောက်တွင်စိုက်၍ဖြစ်စေ၊  သစ်ပင်ပေါ်တွင်တွယ်ကပ်၍ဖြစ်စေစိုက်ပျိုးနိုင်သည်၊၊ နာနတ်ပင်၊ မြေပေါ်တွင် တွယ်ကုတ်တက်သော ပင်ထောင်ကပ်ပင်များနှင့် တစ်နှစ်စားအပင်များကို မြေကြီးပေါ်တွင် စိုက်ပျိုး နိုင်ပါသည်၊၊ ထို့အတူ ကြက် ။ ဘဲ ကဲ့သောအိမ်မွေးတိရိစ္ဆာန်များကိုလည်းမွေးမြူနိုင်ပါသည်၊။
အပင်များတစ်ပင်နှင့်တစ်ပင်ဖြည့်ဖက်ဖြစ်ရန်စီစဉ်ပြီးစိုက်ပျိုးသည့်အတွက
-         သီးနှံထွက်နှုန်းများအစဉ်မပြတ်ရှိသောကြောင့်မိမိ ခြေထောက်ပေါ်တွင် အဓွန်ရှည်စွာ ရပ်တည်နိုင်ခြင်း
-   မြေသြဇာ၊ မြေလွှာအထပ်နှင့် မြေကြီးစွပ်စိုမှုကို ထိန်းသိမ်းထားနိုင်ခြင်း
-         မြေတိုက်စားခြင်းမှကာကွယ်ခြင်း
-         ပိုးမွှား များပြားလာမှု အခွင့်အရေးလျော့နည်းစေခြင်း တို့ဖြစ်သည်၊၊







စီးပွားရေး
           စိုက်ပျိုးခြံကို ကြည့်ရှုထိန်းသိမ်းရန်အတွက် အကုန်အကျနည်းပါးသည်၊၊ အဘယ်ကြောင့်ဆိုသော် ခြံအတွက်လိုအပ်သောအပင်များဒေသတွင်းရရှိပြီး မြေသြဇာများကို ခြံအတွင်းနှင့် ဒေသအနီးအနားတ၀ိုက်တွင် ရရှိသည်၊၊ အပင်များစိုက်ပျိုးရန်နှင့် သီးနှံခူးရန်လွယ်ကူသဖြင့် အလုပ်သမား များများမလိုအပ်ပေ၊၊ ငွေအနည်းငယ်သာရင်းနှီးရသဖြင့်စီးပွားရေးကောင်းလာနိုင် သည်၊၊ အပင်အမျိုးမျိုးကို တစ်နှစ်ပတ်လုံ်း ရိတ်သိမ်းနိုင်သဖြင့် အပိုဝင်ငွေအဆက်မပြတ်ရရှိနိုင်သည်၊၊



                  

No comments:

Post a Comment

MFI, Celebration of Rice Harvesting, Nov, 22, 2012

MFI activities in Jan- April, 2012

Changing in Burma

How to go?

MFI activities and EVF initiation/ NEED- Myanmar